"မ"သဘာဝ

အရင်က ကာတွန်းတစ်ကွက် တွေ့ဖူးတယ်။
ပိုက်ကွန်ထဲ မိနေတဲ့ ငါးမလေးက အလှပြင်နေပြီး ကာတွန်းနာမည်က 'မ သဘာဝ' တဲ့။

ဘယ်လောက်ပဲ ကြီးမားတဲ့ဒုက္ခကြုံကြုံ
သေဘေးနဲ့ပဲ ဆုံဆုံ မ သဘာဝကတော့ လှချင်တာကို
ပြဆိုတာပါပဲ။


အစကတော့ ဟာသလို့ထင်ပေမဲ့
ပြည်သူ့အတွက် အသက်ပေးထားပြီး တော်လှန်နေတဲ့
ဒီလိုကာလကြီးမှာတောင်
PDF တွေ တောထဲမှာ ငတ်ပြတ်ဒုက္ခရောက်နေတဲ့
ကာလမှာတောင် ပြည်ပမှာနေတဲ့ ဒုဝန်ကြီးမမ
အရမ်းလှလာတာကို သွားမြင်မိမှ 'မ သဘာဝ' ကို
သဘောကျမိရတယ်။

တော်လှန်ရေးကို ခက်ခက်ခဲခဲဆင်နွှဲနေရတဲ့
တို့ရဲ့ဒုဝန်ကြီးမမ အရင်က မျက်ရစ်မပါတာလေး
အခုတော့ မျက်ရစ်လေးဖော်ထားတယ်
ဘာရှိမှာလဲ သိန်း ၃၀ လောက်ပဲ နေမှာပါ။

အရင်က နှာတံပိပြီး ပွနေတဲ့ နှာခေါင်းလေးကိုလည်း
ချွန်ချွန်ထင်ထင်လေးဖြစ်အောင် ပြင်ထားတယ်။
နှာခေါင်းပြင်တာတော့ ဘယ်လောက်ကုန်လဲ မသိပေမဲ့
သူလည်း သိန်းဆယ်ချီရှိတာပဲလေ။

ပြီးတော့ အရင်က Sport တွေ အစက်အပျောက်တွေနဲ့
မျက်နှာလေးက လေဆာတွေပစ်ပြီး
အကောင်းစားတွေနဲ့ Skin Care ထားလို့လား မသိ
ဝင်းအိဖွေးလွှ နုဖတ်နေရောပဲ။

အဲဒါကြောင့်လည်း မြတ်အောင်က သောင်းကျန်းတာ

PDF တွေ ငတ်ပြတ်ဒုက္ခရောက်နေချိန်မှာ
ဒုဝန်ကြီးလာမှာမို့လို့ Air Con ဘယ်နှစ်လုံးပါမှတို့
နှာခေါင်းပြင်တာတို့နဲ့ ဆူသွားတာ။

ကိုယ်ကတော့ သဘောကျပါတယ်။

လှလှပပလေးမြင်ရင်ကို ကြည်နူးတတ်တဲ့စိတ်အခံလေးရှိတော့ NUG ဝန်ကြီး ဒုဝန်ကြီးတွေကို လစာမပေးဘူးတို့
ပြောထားတာတွေလည်း ရှိတော့
ပြည်သူ့အလှုငွေတွေ ကိုယ်ကျိုးသုံးမှာလည်း မဟုတ်တော့ ဒုဝန်ကြီးမမလေးဟာ ဒီလို မျက်ရစ်ဖော် နှာခေါင်းပြင်ဖို့အတွက် အားတဲ့အချိန်လေးမှာ

ကိုမင်းမော်ကွန်း မိန်းမလိုများ ထိုင်ရှက်နေတဲ့ သူ့ယောကျ်ားအတွက် အိမ်အကူ လုပ်နေရသလိုမျိုး

ခက်ခက်ခဲခဲငွေရှာပြီး လုပ်နေရသလား တွေးမိလိုက်ရင်
စိတ်တောင် မကောင်းချင်ဘူးရယ်

Photo Credit Ei Thinzar Maung Twitter

Post a Comment

Previous Post Next Post