"မြန်မာနိုင်ငံ၏ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်လုပ်ငန်းများ ဆောင်ရွက်မည်"


မြန်မာနိုင်ငံ၏ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်လုပ်ငန်းများကို ဒီဇင်ဘာ (၁၇)ရက်နှင့် (၁၈)ရက်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဥ်အတွင်း နံနက် ၆ နာရီမှ ည ၇ နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်ပြီး ညပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက  ယနေ့ ဒီဇင်ဘာ (၁၆)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာပြည်မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရေး ရည်ရွယ်၍ အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post