YUG အကြမ်းဖက်အဖွဲ့ဝင် ၁၁ ဦးအား အောင်ပန်းမြို့၌ဖမ်းဆီးရမိ

YUG အကြမ်းဖက်အဖွဲ့ဝင်များသည် ကယားပြည်နယ်ဘက်သို့ သင်တန်းတက်ရောက်ရန် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၏အနောက်ဘက်မှ ရွာငံ-အောင်ပန်းလမ်းကြောင်း အတိုင်း မော်တော်ဆိုင်ကယ်များဖြင့်ထွက်ခွာလာစဉ် အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နေလ” ကွမ်းယာဆိုင်အနီး၌ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက် ၁၄၀၀ နာရီခန့်တွင် ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
အကြမ်းဖက်များ၏ထွက်ဆိုချက်အရ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၏အနောက်ဘက် တွင် YUG အကြမ်းဖက်အဖွဲ့မှပို့ချေသာသင်တန်းအားတက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့်
၁။ ၂၂-၁၂-၂၀၂၁ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဦးမျိုးလေး အား လုပ်ကြံသတ်ဖြတ်မှု။
၂။ ၈-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ကွက်သစ်ရပ်ကွက်နေ ငဖြိုး အား လုပ်ကြံသတ်ဖြတ်မှု။
၃။ ၂၅-၁-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာနေ ကျော်ဝင်း အား လုပ်ကြံသတ်ဖြတ်မှု။
၄။ ၃၁-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့မှု။
၅။ ၈-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဘုန်းကျော် အား လုပ်ကြံသတ်ဖြတ်မှု။
၆။ ၂၅-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၊ ပြည်သာယာလမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲအား ဗုံးပစ်ပေါက်ဖောက်ခွဲမှု။
၇။ ၅-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာနေ သိန်းဆောင် အား လုပ်ကြံသတ်ဖြတ်မှု။
၈။ ၂၅-၃-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား ဗုံးဖောက်ခွဲမှု။
၉။ ၂၉-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာနေ ညီထွေး အား လုပ်ကြံသတ်ဖြတ်မှု။
၁၀။ ၉-၄-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာအကြား တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအား သွားရောက်ပို့ဆောင်သည့် လုံခြုံရေးအဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှု။
၁၁။ ၂၀-၆-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာ အထွက်ရှိ Mytel ဖုန်းတာဝါတိုင်အား ဗုံးဖောက်ခွဲမှု။
၁၂။ ၁၀-၇-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဖိုးရှူး အား လုပ်ကြံသတ်ဖြတ်မှု။

ဖမ်းဆီးရမိတရားခံ YUG အကြမ်းဖက်အဖွဲ့ဝင် မင်းခန့်ဇော် ၏ထွက်ဆိုချက်အရ တပ်မတော် မှ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၏အနောက်ဘက်ရှိ YUG အကြမ်းဖက်စခန်းသို့ သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံးအား၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ (၉)လုံးကျည် ၁၁ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။
#ရွှေနေကြာ
https://t.me/shwenaykyar

Post a Comment

Previous Post Next Post