ဟင်္သာကိုးသောင်း ဇာတ်သွင်းခြင်း


ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ
KIA(လိုင်ဇာ)ဗဟိုဌာနချုပ်မှာနေတဲ့ PDF
နိုင်အောင် အဖွဲ့က မုန်ဆန်ယန် သင်တန်း
ကျောင်းမှ အောင်ပြည့်ဖြိုးအဖွဲ့ PDF အဖွဲ့ဝင်
(၁၄)ယောက်ကို Surprise Check ဝင်စစ်
တယ် ..
-
စစ်တော့ ဖုန်းထဲက နစကတပ်တွေနဲ့ ဆက်
သွယ်ပြောဆိုထားတဲ့ အသံဖိုင်တွေ၊ ထွက်
ပြေးဖို့စီစဉ်နေတဲ့ Plan တွေ တွေ့လို့ဆိုပြီး
ဖမ်းချုပ်ထားတယ်လို့ သိရတယ် ..
-
နောက်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်မှာတော့
KIA ထောက်လှမ်းရေးဆိုတဲ့ ဇော်တောင် အဖွဲ့
မုန်ဆန်ယန်ကိုဆင်းလာပြီး အောင်ပြည့်ဖြိုး(အပါ)
PDF (၁၄)ယောက်ကို လိုင်ဇာသို့ခေါ်သွားပြီး
အကြမ်းဖက်နှိပ်စက်ကာ စစ်ဆေးမှုတွေ ပြု
လုပ်နေတယ်လို့ သိရပါတယ် ..
-
KIA စခန်းတွေ ဗုံးကြဲခံရ၊ စီးနင်းတိုက်ခိုက်ခံရ၊
ချုံခိုတိုက်ခိုက်ခံရ တာတွေဟာသတင်းပေး
(သူလျှို)ရှိလို့ဟု စွပ်စွဲကာ ချုပ်နှောင်ထားခြင်း
ဖြစ်ပါတယ် ..
-
အမှန်တကယ်မြေပြင်က PDF တွေထဲမှာ
စစ်တပ်ရဲ့ သူလျှိုရှိတယ်ဆိုတာ ဖြစ်နိုင်သလို
PDF အချင်းချင်း အမြင်မကြည်တဲ့သူ၊ မတည့်
တဲ့သူ၊ မုန်းတဲ့သူတွေကို ဒလန်လို့စွပ်စွဲပြီး
KIA အဖွဲ့ကို တိုင်တန်းတာလည်း ဖြစ်နိုင်တယ် ..
-
ပြောချင်တာကတော့ KIA နယ်မြေထဲမှာရှိတဲ့
PDF တွေဟာ အချင်းချင်းသံသယစိတ်တွေနဲ့
တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကုန်းချောပြီး
Boxing Day ကြီးဖြစ်နေကြောင်း...
-
ဒုတိယပါဂျောင် (သို့) ဟင်္သာကိုးသောင်း
ဇာတ်လမ်းအတွက် နိဒါန်းအစပျိုးနေပါ
ကြောင်း အသိပေးလိုပါတယ်..
-
အမည်စာရင်းရမှ မိဘတွေသိအောင်
အကြောင်းကြားပေးမယ်...
-
ကံကောင်းကြပါစေ PDF တွေရေ ။။။
#KT
https://m.facebook.com/story.php?story_fbid=pfbid02wyLg2p3En6BSXuM5aWBrM5PgdmM6RPYubXVyNcdCF7fDRRAvevTB7jB4JVCg3i6Sl&id=100028812935893&mibextid=Nif5oz

Post a Comment

Previous Post Next Post