မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူ(AA & RSO)


၂၈-၁၂-၂၀၂၂ ရက်နေ့တွင် (၆)ကြိမ်မြောက် AA သတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ RSO နဲ့ ပတ်သက်ပြီး ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အချက်(၂)ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ပထမအချက်မှာ နယ်ခြားစောင့်တပ်ဖွဲ့များမှ စွန့်လွှတ်ထားသော စခန်းများကို RSO အဖွဲ့က ဝင်ရောက်နေရာယူသဖြင့် AA အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအချက်က ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့မှလွဲ၍ အခြားလက်နက်ကိုင်အဖွဲ့ကို ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

ခိုင်သုခရဲ့ ပြောကြားချက်အပေါ် RSO အဖွဲ့ကလည်း ၃-၁၂-၂၀၂၂ ရက်နေ့မှာ ပြောရေးဆိုခွင့်ရှိသူ ကိုကိုလင်း(ခ)ကော်လင်းမူလာမှ AA နဲ့ RSO အဖွဲ့ ခေါင်းဆောင် အချင်းချင်းဆက်သွယ်ပြောဆိုမှုရှိကြောင်း၊ နှစ်ဖွဲ့ အပြန်အလှန်နားလည်မှုရှိကြောင်း၊ သတင်းအချက်အလက်များ ဖလှယ်မှုရှိကြောင်း၊ သို့သော်လည်း အောက်တိုဘာ ၂၂ ရက်နေ့တွင် AA အဖွဲ့မှာ ယုံကြည်မှုကို ချိုးဖောက်ကာ RSO အဖွဲ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခြင်းမှာ AA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာမကျအောင် ထိန်းသိမ်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ထိုကဲ့သို့ သစ္စာဖောက်မှုအပေါ် RSO အဖွဲ့မှ များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ မိတ်ဆွေယောင်ဆောင်သည့် ရန်သူ၏ သစ္စာဖောက်မှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

AA နှင့် RSO အဖွဲ့သည် အောက်တိုဘာလလဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်ချောင်စရီမြို့နယ်အတွင်းရှိ စခန်း၌ ခေါင်းဆောင်ပိုင်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်ထုတ်ပြန်ချက်များအရ စစ်ရေးနှင့် မှောင်ခိုလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သိရှိရသည်။

၎င်းထုတ်ပြန်ချက်အပြီး AA အဖွဲ့အနေဖြင့် ရခိုင်နိုင်ငံထူထောင်ရာတွင် မွတ်ဆလင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုကြောင့် ရခိုင်ပြည်သူလူထုမှာ အပြင်းအထန်ကန့်ကွက်မှုများ ပျံ့နှံ့လာခဲ့သည်။

#MayYuHtarNay

Post a Comment

Previous Post Next Post