"တက္ကသိုလ်ကျောင်းသားအမည်ခံပြီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေတဲ့ ရဲလင်းဦးဆိုသူကို ထောင်ဒဏ် ၇ နှစ်ထပ်ချ"


ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်လို့ အမည်ခံထားတဲ့ ရဲလင်းဦးဆိုသူကို အင်းစိန်ထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၂ (က) နဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ထပ်ချလိုက်တယ်လို့ သိရပါတယ်။

၎င်းအပေါ် အခုနှစ် မတ်လ ၁၀ ရက်နေ့ကလည်း ရာဇတ်သတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီးဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျခံရဖို့ ရှိနေတာပဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက်က တိုင်းပြည်ကိုဖျက်ဆီးရာမှာ ရှေ့ဆုံးကပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအမည်ခံတစ်ဦးက "ထောင်ဒဏ် ၁၀ နှစ်မကလို့ သေဒဏ်တွေ ပေးနေပေမယ့်လည်း လက်လျှော့မှာ မဟုတ်သလို၊ နောက်ဆုတ်မှာလည်း မဟုတ်ဘူး။" ဆိုပြီး ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

Post a Comment

Previous Post Next Post