"ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် ၃ ဦးကို ထောင်ဒဏ်များအသီးသီးချမှတ်"


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းဦးလှစိုးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့ ဒီဇင်ဘာ ၈ ရက်တွင် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကိုထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် ၂၀ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ယခုနှစ်၊ ဇွန် ၁၄ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post