လူငယ်တွေဟာ တကယ်တော့နိုင်ငံရေးကို ဘာမှ မသိကြတဲ့သူ များပါတယ်

Nld အစိုးရ တစ်ဆက်ပဲ
ကြုံဖူးပြီး ဘဝ ပျက်သွားကြတဲ့
လူငယ်တွေဟာ တကယ်တော့
နိုင်ငံရေးကို ဘာမှ မသိကြတဲ့
သူ များပါတယ်။

သူတို့ ခေါင်းဆောင်တင်ထားတဲ့
သူအများစုဟာလည်း Nldပါတီရဲ့
သိမ်းသွင်းခံ ကေဒါ တွေ ဖြစ်တယ်
ဆိုတာလည်း သူတို့ မသိကြပါဘူး။

သူတို့ကို အာဏာ အကျိုးစီးပွါး
အတွက် ဒီလမ်းကို တွန်းပို့လိုက်တယ်
ဆိုသော အချက်ကိုလည်း သူတို့နား
မလည်ပါဘူး။

အနုပညာရှင် အများစု ရဲ့နောက်မှာ
Nld ပါတီရဲ့ လုပ်ပိုင်ခွင့်နဲ့ ငွေကြေး
ကိစ္စတွေ ရှိတယ်ဆိုတာလည်း သူတို့
မသိပါဘူး။

တိုးတက်ချင်တယ် ထိုးထွက်ချင်တယ်
ဆိုတဲ့ စိတ်လောက်သာရှိပြီး နိုင်ငံရဲ့
အရင်းအမြစ်တွေ ဆုံးရှုံးနေတာ သူတို့
မသိကြပါဘူး။

အလားတူပဲ Nldပါတီ နဲ့ အနောက်အုပ်စု
ငွေကြေးအရှုတ်တွေ လက်ဝေခံမှုတွေ
သူတို့ မသိကြပါဘူး။

ဥပဒေမဲ့ လုပ်ဆောင်မှုတွေ ရွေးကောက်ပွဲ
ဥပဒေ ပြင်ဆင်ပြီး မဲလိမ်လည်မှုတွေ
သူတို့ စိတ်မဝင်စားပါဘူး။

တပ်မတော်က ဒီလို မဖြစ်ရန် အတွက်
အကြိမ်ကြိမ် ဥပဒေ နဲ့ အညီ တင်ပြခဲ့
တယ်ဆိုတာကိုလည်း သူတို့ မသိခဲ့ပါဘူး။

သူတို့ သိလိုက်တာက နိုင်ငံရေးမှိုင်း ပါ။
မိမိကိုယ်တိုင် တာဝန်ယူ မဖြေရှင်းနိုင်တော့သော
ကိစ္စကို လူငယ်တွေစီ တွန်းပို့ပြီး
ဖြေရှင်းခိုင်းတာပါ။

အဲ့ဒီတော့ ဘာဖြစ်လည်း
သူတို့ ဘဝ တွေပျက်ရ တာပေါ့။ 

ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း အစိုးရ
တွေ စောက်ပုံမလာရင် အာဏာသိမ်း
နေကြတာပါပဲ။

ဒီဖြစ်စဉ်တွေက အခုမှ ဖြစ်တာ မဟုတ်
ပါဘူး ကမ္ဘာတည်သ၍ ရှိနေမှာပါ။

နိုင်ငံရေးသမားနဲ့ စစ်တပ် အပေးအယူ
မမျှတိုင်း ဖြစ်နေကြ အုံးမှာပါ။

ဒီသဘောတရားတွေကို ယနေ့ လူငယ်တွေ
နားမလည်ပါဘူး။

အခြေခံဥပဒေ ထဲမှာ ဘာတွေ ရေးထားလည်း
သူတို့ လောက်မပြောနဲ့ Nld အမတ်တွေကိုယ်တိုင်
အပြည့်အစုံ မသိပါဘူး။

အလားတူပဲ မွေးမြူထားတဲ့ Nld လော်ဘီ
တွေဟာလည်း စစ်တပ်ကို ဆဲဖို့ လောက်သာ
သိပြီး ဥပဒေ ကို လေ့လာရမယ် လေးစား
ရမယ်ဆိုတဲ့ စိတ် မရှိကြပါဘူး။

ပါတီ မီဒီယာ အတွက် မွေးမြူထားတဲ့
လော်ဘီ တွေဟာလည်း မင်းဘာမှ နားမလည်
လည်းရ တယ် တပ်မတော်နဲ့ သက်ဆိုင်
သော post တက်လာရင် အကောင့်များများနဲ့
ဝင်ဆဲ ရင် ရပြီ ဆိုသော စနစ်နဲ့ မွေးမြူ
ထားတဲ့ သူတွေပါ။

အမေရိကန်မှာ ဘိုင်ဒင်မဲခိုးလို့ နိုင်တယ်
ဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။ 
သို့သာ် သူ့ရဲ့ အခြေခံဥပဒေ ကို သူ့စစ်တပ်က
လက်ခံထားတဲ့ အတွက် ဘာပြသနာမှ
မရှိတာပါ။

ဒါတောင် လွှတ်တော်ကို ဝင်သိမ်းတဲ့
အဆင့်အထိ ဖြစ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ က အခြေခံဥပဒေ အရ
ဒီလို ဖြစ်စဉ်မျိုးကို တပ်မတော်က
လက်ခံလို့ မရဘူး ဆိုတာ အတိအလင်း
ပြဌာန်းထားတာပါ။

Nld အစိုးရမှ မဟုတ်ဘူး နောင် ဘယ်အစိုးရ
တက်တက် မဲလိမ်မဲခိုး လုပ်ရင် လက်ခံလို့
မရသော အခြေအနေမျိုးပါ။

အခု လိုရေးပြတယ်ဆိုတာကလည်း
ဝါဒမှိုင်းနဲ့ လမ်းမှားရောက်နေသော သူများ
အတွက်ရေးသားတင်ပြတာပါ။

မြေပြင်မှာ ဘယ်လို အခြေအနေရှိသလဲ
သူတို့က အသိဆုံးပါ။ ရှုတ်ခဲ့သူတွေက
ပြည်ပ မှာ ရောက်ကုန်ကြပါပြီ။

နိုင်ငံရေးအရ ဦးတည်ချက် မရှိဘူး
စစ်ရေး အရ ဥပဒေ မရှိဘူး လူ အတွက်
ဥပဒေ မရှိ လက်နက် အတွက် ဥပဒေ မရှိ
အဆင့်ဆင့် ကွပ်ကဲမှု အမိန့်နာခံမှု
မရှိပဲ ပြည်ပ ကနေ နိုင်မယ် နိုင်တော့မယ်
ထထ အော်တာက သူတို့ အတွက် အကျိုးစီးပွါး
တော်လှန်ရေးပါ။

ခင်ဗျားတို့ ပြည်တွင်းမှာ ရပ်လိုက်တာနဲ့
ပြည်ပမှာ သူတို့ အနေမချောင် တော့ပါဘူး
ဒါကြောင့် ခင်ဗျားတို့ကို ချနင်းပြီး သူတို့ဘဝကို
တည်ဆောက်နေသော အကျိုးစီးပွါး
တော်လှန်ရေးလို့ ပြောရတာပါ။

ဒါတောင် တပ်မတော်က သားသမီးနဲ့
မိဘ သဖွယ် ကိုင်တွယ်နေတာပါ။
ဥပဒေ နဲ့ အညီသာဆောင်ရွက်နေပြီး
ဖြည့်လျော့သင့်တာ အားလုံးဖြည့်လျော့
ပေးနေတာပါ။

ယုံကြည်ချက်အတွက် အသက်ကိုတောင်
ရင်းကြရတာပဲ မှန်ပါတယ်
အဲ့ဒီယုံကြည်ချက်က မှန်ကန်သော ယုံကြည်
ချက် ဖြစ်ဖို့လိုအပ်ပါတယ်။

မှန်ကန်သောယုံကြည်ချက် မဟုတ်တဲ့
အခါ ရင်းရသော အသက်တွေ တန်ဖိုးမဲ့
သွားတာပေါ့။

တိုင်းပြည် အတွက်လား ပြည်သူအတွက်လား
တိုင်းပြည်က ဘယ်သူမှ ထမ်းပိုးသွားလို့
မရပါဘူး။

ဘယ်နိုင်ငံကမှလည်း လာကျူးကျော်နေတာ
မဟုတ်ပါဘူး။

ပြည်သူ အတွက်လား ပြည်သူရဲ့ လိုလားချက်
က အေးချမ်းတည်ငြိမ်ဖို့ပါ။

လူအချင်းချင်း နဖားကြိးထိုးပြီး အခမဲ့ခိုင်းစား
ခံရတာပါပဲ။

ပါတီ နိုင်ငံရေး ယုံကြည်မှုကို လက်ခံပါတယ်
သို့သော် ဒါက လွတ်လပ်ရေး အတွက်
တိုက်ပွဲဝင်ခဲ့သော တပ်မတော် ကို မင်းတို့
တိုက်နေတာပါ။

ပြောမယ်ဆိုရင် ပြုတ်ကျသွားသော Nld အုပ်စု
ထက်တောင် မြန်မာ တိုင်းရင်းသား
စစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတာ်ကို
မင်းတို့ တိုက်နေတာပါ။

တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ သမိုင်းပါ။

နိုင်ငံတစ်ခုဖြစ်ဖို့ နိုင်ငံတစ်ခု လွတ်လပ်ဖို့
တပ်မတာ်ရဲ့ သမိုင်း ကနေပဲ အစပျိုးပါတယ်။

ဒီလိုပဲ နိုင်ငံတစ်ခုရဲ့ နိဂုံးဟာလည်း
တပ်မတော်ရဲ့ သမိုင်း နိဂုံးပါပဲ။

အနည်းဆုံးတော့ နိုင်ငံရဲ့ မြေပုံ အပြောင်း
အလဲ ဖြစ်သွားနိုင်တယ်။

အများဆုံးဆိုရင် ကမ္ဘာ ပေါ်မှာ မြန်မာနိုင်ငံ
ဆိုတဲ့ မြေပုံလေး လုံးဝ ပျောက်ကွယ်သွားတဲ့
အထိ ဖြစ်လာနိုင်ပါတယ်။

အသုံးချခံ ဘဝ နဲ့ ဒီအစိုးရ တစ်ဆက်တည်း
နဲ့တော့ မင်းတို့ဘဝကို မရင်းသင့်ပါဘူး။

အတွေ့အကြုံရအောင် အစိုးရအဆက်ဆက်

ဖြတ်သန်းကြည့်ပါအုံးလို့ ပြောလိုပါတယ်။

Kyaw Swar

Post a Comment

Previous Post Next Post