#လွတ်လပ်ပြောဆိုခွင့်ရခဲ့ကြသလား ❓

အမေရိကန်နိုင်ငံရေး ပျက်စီးသွားပြီ
Twitter ကိုဝယ်ခဲ့ပြီးတဲ့နောက်မှာ
Elon Musk က ဒီမိုကရက်တွေ လုပ်ခဲ့သမျှ
တစချင်း တဆင့်ချင်းဖေါက်ချနေပြီ၊

အမေရိကန်တွေ ကြွေးကြော်နေတဲ့
" Free speech " ဆိုတဲ့
"လွတ်လပ်စွာပြောဆိုခွင့်" ကို
သူတို့ပြည်တွင်းမှာ တကယ်ရခဲ့ကြပါလား ?

2020 ရွေးကောက်ပွဲမတိုင်မီ
Tech giant တွေကို FBI ကအပါတ်တိုင်း
တွေ့ဆုံခဲ့ပါသတဲ့၊ Free speech ရဲ့
အဟန့်အတားပါ၊ US value ဆိုတဲ့ Free speech,
Democracy ဟာ အခြေမှာ လှိုက်စား
ဖျက်ဆီးခံနေရတယ်၊

ပါတီနာမယ်က " ဒီမိုကရက်"
ကြွေးကြော်တာက " ဒီမိုကရေစီ"
မဟုတ်တာအလုပ်ဆုံးက ဒီမိုကရက်တွေ
ဒါပေမဲ့ ဒီမိုကရက်တွေက
ရီပါတ်ဘလစ်ကင်တွေထက် ပိုပါးနပ်ကြတယ်၊
Main stream media တွေအားလုံးနီးပါးကို
ထိမ်းချုပ်ထားနိုင်ကြပြီး
Deep state ကိုအိပ်ထဲထည့်ထားခဲ့ကြတယ်၊
Soros လိုလူမျိုးအပါအဝင်
ဘီလီယံနာတွေကို ကိုင်ထားတယ်၊

ရီပါတ်ဘလစ်ကင်တွေက
အခုမှမျက်လုံးပွင့်တယ်၊ Elon Musk ကို
Counter player အနေနဲ့ ပြန်ကိုင်ကစားတာ
မကြာသေးဘူး၊

Elon Musk အနေနဲ့
တခုချင်း၊ တဆင့်ချင်း ဒီမိုတွေအရှုပ်ကို
ဖွင့်ချသွားမဲ့ Trend ပေါ်ရောက်သွားပြီလို့
မြင်တာပဲ၊ အမေရိကန်မှာ ရွေးကောက်ပွဲဟာ
" ပြည်သူ့ဆန္ဒ" ရယ်လို့အမည်တပ်ပြီး
အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီ၊

ဒီမိုကရက်ဖက်ကလည်း
အဆိပ်ရှိတဲ့ ထရမ့်ကို Target ထားပြီး
နိုင်ငံရေးအရ ကြိုသတ်တာတွေ
ဆက်လုပ်နေတာတွေ့ရပြန်တယ်၊
ပထမ တခုက သမ္မတဖြစ်စဉ်
အရေးကြီးစာရွက်စာတမ်းတွေ အိမ်ကို
ယူဆောင်သွားမှု၊
အခုဆက်ပြီး ဒုက္ခပေးနေတာက
အခွန်တိမ်းရှောင်မှု၊

ရီပါတ်ဘလစ်ကင်တွေဖက်ကလဲ
ဘိုင်ဒင့်သား ဟန်တာဘိုင်ဒင်ကတဆင့်
ဒီမိုကရက်တဖွဲ့လုံးရဲ့ ပုံရိပ်ကို
ဆွဲချသွားမဲ့ နိုင်ငံတကာအရှုပ်တော်ပုံ၊

............

အမေရိကန်နိုင်ငံရေးက
"ဟိုအတန်း" ကိုရောက်သွားပြီ
မျှတမှန်ကန်တဲ့ ပြိုင်ဆိုင်မှု မဟုတ်တော့ဘူး
အချင်းချင်း လုပ်ကြံတဲ့အဆင့်ရောက်သွားပြီ

ပိုဆိုးသွားတာက
ရီပါတ်ဘလစ်ကင်တွေကို ရုရှားက
ကြိုးတပ်လိုက်ပြီး၊ ဒီမိုကရက်တွေကတော့
တရုတ်ရဲ့နဖါးကြိုးသီတာကို ခံလိုက်ရတာပဲ။

" ဝဋ် "
တပါတ်လည်ခြင်းတဲ့
နိုင်ငံငယ်တွေကို ကြိုးဆွဲလေ့ရှိတဲ့
အမေရိကန်ဟာ....
ဘယ်အချိန်ကထဲက သူ့ကို နိုင်ငံကြီး (၂) ခုက
ပြန်ပြီး ကြိုးတပ်လိုက်လဲမသိဘူး၊

#NayZinLatt   ( 7.12.2022)

Post a Comment

Previous Post Next Post