NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက နာမည်စာရင်းများပေး၍ လိုက်သတ်ခိုင်းနေခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင်တစ်ဦးပြော

USDPပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ၊ ဝန်ထမ်းများကို လိုက်လံ လုပ်ကြံသတ်ဖြတ်နေခြင်းမှာ NLD လွှတ်တော်အမတ်ဟောင်းများက နာမည်စာရင်းပေး၍ လိုက်သတ်ခိုင်းနေခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေးမြို့ပေါ် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ပြီး PDF အဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့သူ အမည်မဖော်လိုသူတစ်ဦးက"ကျွန်တော် ဆန္ဒပြမှုတွေ စတင်ကတည်းက ပါခဲ့တယ်ပေါ့ဗျာ။ထဲထဲဝင်ဝင် လုပ်ပေးခဲ့ပါတယ်။
နောက်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆီလွှတ်ပြီး အကြမ်းဖက်သင်တန်းတွေ တက်ခိုင်းတယ်။ကျွန်တော်ကတော့ တိုင်းရင်းသား နယ်မြေကို မလိုက်နိုင်ဘူး။ပါမသွားခဲ့ဘူး။
ပြန်လာခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။
တချို့လည်း အဖမ်းခံလိုက်ရပါတယ်။ကျွန်တော်တို့ကို အဓိက ဦးဆောင်တာတော့ လွှတ်တော်အမတ်တွေပါပဲ။သူတို့ကပဲ ခိုင်းစေနေတာပါ။
ကြံ့ဖွံ့က လူတွေကို သတ်ဖို့၊ အမျိုးသားရေးလှုပ်ရှားသူတွေကို သတ်ဖို့၊ အုပ်ကြီးတွေကို သတ်ဖို့ဆိုတာက သူတို့က ခိုင်းနေတာပါ။မြို့နယ်အလိုက်ပေါ့ဗျာ။
သူတို့မှာ နာမည်စာရင်းတွေ ရှိတယ်။အဲဒီစာရင်းတွေကိုပဲ မြို့နယ်အလိုက် လှုပ်ရှားမယ့်ကောင်တွေကို ပေးထာတယ်။သေနတ်ပေးထားတယ်။
တစ်မြို့နယ်မှာ ၃ယောက်နဲ့ ၅ယောက်ကြားပဲ။ အများကြီးလည်း မဟုတ်ဘူး။အဓိက မနက်ပိုင်းနဲ့ ညနေပိုင်း လှုပ်ရှားဖို့ပေါ့ဗျာ။" ဟု ပြောသည်။

ဆက်လက်၍ "ကျွန်တော် PDF အနေနဲ့ ဆက်ပြီး မလှုပ်ရှားဘူးဆိုတာကတော့ဗျာ သူတပါး မိသားစုကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရမယ့်အလုပ်ဖြစ်နေတယ်။ နောက်တစ်ခုက ဒီလို လုပ်လို့လည်း ပြီးသွားမှာ မဟုတ်ဘူး။
ကျွန်တော်တို့ကို သေနတ်တစ်လက်ပေးထားတယ်။ အဖမ်းခံရရင် ကိုယ်ခံရမယ်။သတ်ပေးရတာက ဘယ်သူ့အတွက် သတ်ပေးရတာလဲ။
ကျွန်တော် NLD ပါတီကို ယုံကြည်ထောက်ခံသလို တခြားသူလည်း သူကြိုက်တဲ့ပါတီအဖွဲ့အစည်းကို ထောက်ခံမှာပေါ့။
ဒီလမ်းစဉ်ကတော့ မှားနေတာဖြစ်တဲ့အတွက် ကျွန်တော်အဲဒီလို လုပ်ရမယ့် အလုပ်တွေမှာ လိုက်မလုပ်ပါဘူး။" .....ဟု ပြောဆိုသည်။

မန္တလေးမြို့ပေါ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဦးဆောင်၍ တိုင်းရင်းသားနယ်မြေသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် လူငယ်အများအပြားကို ပို့ဆောင်ခဲ့သည့် လုပ်ရပ်များကို ဖမ်းဆီးခံရသော လူငယ်များကလည်း ထွက်ဆိုချက်ပေးခဲ့ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြို့များတွင် NLD လွှတ်တော်အမတ်များ၏ စေခိုင်းချက်ဖြင့် လိုက်လံလုပ်ကြံသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးရမိဖော်ထုတ်နိုင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မြင်းခြံမြို့၊ အနိမ့်ကျေးရွာ အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ရန် လာသူအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူမှာ ဝက်သတ်သမားဖြစ်ပြီး သူ၏ ထွက်ဆိုချက်အရ NLD လွှတ်တော်အမတ်များက ငွေ ၂၅သိန်းပေး၍ သတ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post