ကျွဲမဟုတ်ရင် စောင်းသံကိုခံစားတက်တယ် (စစ်ကဲကြီး)


မြန်မာစကားပုံမှာ ကျွဲပါးစောင်းတီးဆိုတဲ့စကားပုံရှိတယ်။ ဘယ်လောက်သာယာနာပျော်ဖွယ် တူရိယာသံဘဲဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်တဲ့ကျွဲက နားမလည်ဘူး။

အဲ့ဒီလိုပါဘဲ စစ်ကိုင်းတိုင်းမှာ စစ်မီးလောင်နေတာ ငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့လူတန်းစားတွေကို တစ်ခုတော့ပြောမယ်။ အထူးသဖြင့် PDF နဲ့ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတဲ့လူတွေအတွက်ပေါ့။

အဲ့ဒီလိုလူတွေကိုကျွန်တော်မေးမယ်၊ ခင်ဗျားတို့ဆီမီးမှန်ရဲ့လား?  မီးမမှန်လို့အစိုးရကိုကလော်မတုပ်နဲ့ PDF တွေဖောက်ခွဲထားတဲ့ တာဝါတိုင်တွေ မနည်းတော့ဘူး။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာ ပြည်သူတွေထွက်ပြေးနေကြလို့ မီတာကြေးမဆောင်နိုင်ကြတော့ မီးမမှန်နိုင်ဘူး။

ကုန်စျေးနှုန်းရောမကြီးဘူးလား?  ကြီးတာပေါ့တစ်တိုင်းပြည်လုံး စစ်ကိုင်းတိုင်းတင်ကွက်ကုန်စျေးနှုန်းကြီးတာမဟုတ်ဘူး။ ဒါကတိုင်းပြည်မတည်ငြိမ်လို့ ထုပ်ကုန်အင်အားစုတွေဆုံးရှုံးပြီး ဒေါ်လာစျေးတက်တဲ့ဒဏ်ခံရတာ ရှင်းရှင်းပြောရရင် တိုင်းပြည်မတည်ငြိမ်လို့စီးပွားရေးကျတာပါ။

စစ်ကိုင်းတိုင်းတမူးက မအေးမာထွန်းသေတာ ငါတို့နဲ့မဆိုင်ဘူးလို့တွေးထားရင်၊ ရဟန်းသံဃာတွေ၊ ဝန်ထမ်းတွေသေတာ ငါတို့နဲ့မဆိုင်ဘူးလို့တွေးထားရင် အဲ့ဒီအတွေးကိုရပ်လိုက်ပါ။ အရာအားလုံးက အနည်းနဲ့အများ မျှခံကြရတာပါ။

ဘေးအိမ်ကအရက်သမား အရက်သောက်တာငါနဲ့မဆိုင်ဘူးဆိုပြီးကြည့်နေလိုက် အဲ့အရာသမား မသာပေါ်သွားရင် လူမှုကူညီရေးခွဲတမ်း ၃၀၀၀ လာကောက်ရင် ဆန်တစ်ပြည်ဖိုးဆုံးရှုံးရတာမို့လား?

တစ်ရေထဲသောက်၊ တစ်မြေတည်းနေနေတာ ဒီတိုင်းပြည်သာယာဖို့ အကြမ်းဖက် NLD.PDF တွေကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းရမှာပါ။ ညီညာမှပြည်သာမှာပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ ----

Post a Comment

Previous Post Next Post