"Great Powers များ၏ အားပြိုင်မှု "Great Powers' Rivalry in Middle East"

Middle East သို့ President Xi Jinping သွားရောက်ခြင်းသည်တရုတ် - အမေရိကန် ပြိုင်ဆိုင်မှု တစ်ခု ကို မြင်တွေ့ရတာပါ ။ဒါနှင့်စပ်လျဉ်းပြီး လေ့လာထားသမျှကို မျှဝေပေးလိုက်ပါတယ် ။

ဒီဇင်္ဘာလ ၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး President Xi Jinping သည် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည့်အာရပ်နိုင်ငံများနှင့် သီးခြားထိပ်သီးအစည်းအဝေးများ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နှင့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မှာဖြစ်ပါတယ် ။

အဆိုပါအစည်းအဝေးတွင် ဆော်ဒီ၊တရုတ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆော်ဒီငွေ ဘီလျံ ၁၁၀ ကျော် ( ဒေါ်လာ ၂၆ ဘီလျံ)တန်ဖိုးရှိသည့် ကနဦးသဘောတူညီချက်ကိုလည်း လက်မှတ်ထိုးမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်ဟုAPသတင်း
အရ သိရပါတယ် ။

တရုတ်နိုင်ငံသည် ဆော်ဒီအာရေးဗီးယား၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရေနံအများဆုံး တင်သွင်းသူဖြစ်ပါတယ် ။

တရုတ်သမ္မတရှီ ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိကြောင်းသတင်းများကို ကမ္ဘာ့သတင်းမီဒီယာ
များမှ အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ် ။

ဒီခရီးစဉ်သည် အောက်တိုဘာလတုန်းက ကျင်းပခဲ့သော တရုတ်အမျိုးသားကွန်ဂရက်မှ Xi Jinping အား သမ္မတအဖြစ် ပြန်လည်တင်မြှောက်လိုက်ပြီးသည့်နောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ် ။
ဒါနှင့်ဆက်စပ်သုံးသပ်ရမည့်သတင်းက ယခင် ၅ လခန့်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရီယာ့ဒ် ခရီးစဉ် တွင် ယူကရိန်းစစ်နောက်ဆက်တွဲ သူ၏  အနောက်ကမ္ဘာလောင်စာ လိုအပ်ချက် ကို ဖြည့်ဆည်းရန်ကျိုးပမ်းမှု သည် မည်သည့်ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်းမရှိသည့် သတင်းဖြစ်ပါတယ် ။

ဆော်ဒီအာရေးဗီးယားသည်  အမေရိကန်တို့ နှစ်ပေါင်းများစွာ ခြေကုပ်ယူအမြစ်တွယ်ထားရာ နေရာဖြစ်ပါတယ် ။အဓိက အချက်က လောင်စာ Gas& Oil ဖြစ်ပါတယ် ။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သည် လွန်ခဲ့သည့်ငါးလက ရီယာ့ဒ်သို့ ၎င်း၏ခရီးစဉ်အတွင်း၊ အာရပ်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားမည်မဟုတ်ကြောင်းပြောကြားခဲ့သော်လည်း |
ယနေ့ နိုင်ငံတကာနိုင်ငံရေးနယ်ပယ်International Political Arenaတွင်၂၀၂၁ ခုနှစ်  သြဂုတ်လ ကုန်က အမေရိကန်နှင့် မဟာမိတ်တွေ  အာဖကန်မှ ဆုတ်ခွာသွားကတည်းက အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာတွင် တရုတ်နှင့် ရုရှား၏ သြဇာ မြင့်တက်မှုပိုထင်ရှားလာပါတယ် ။
အာဖကန်မှ အခြေမလှခဲ့သော အမေရိကန်ဦးဆောင်သော အုပ်စုဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးစာမျက်နှာတွင်အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံတကာဆက်ဆံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပါပြီ ။


ယူကရိန်းစစ်ပွဲဖြစ်ပွားစေရန်  ရုရှား၏ အမျိုးသားလုံခြုံရေးကို စိန်ခေါ်ခြိမ်းခြောက်ရာကျသည့် သမ္မတပူတင်၏ စိုးရိမ်မှုကိုမြင့်တက်စေသည့် အမေရိကန်ဦးဆောင်သော စစ်ရေး စီပွားရေးအုပ်စုများ၏ အပြုအမူသည် ယခုကဲ့သို့သော ပူးပေါင်းမှုများကို ပိုမိုတိုးပွား ကျစ်လစ်လာစေတယ်လို့ ယူဆပါတယ် ။

လစ်ဘရယ် အလံ ကိုင်ဆောင်ထားသော အမေရိကန် သည်သူ၏ လောင်စာရယူလိုသောရည်မှန်းချက်ကို ဖြည့်တင်းရန်  ပင်လယ်ကွေ့နိုင်ငံများတတိယကမ္ဘာ နိုင်ငံများ LDC နိုင်ငံများအပေါ် လူ့အခွင့်အရေးခေါင်းစဉ်ပြကာ ဖန်တီးစွပ်စွဲမှုများဖြင့် ကျူးကျော်စစ်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်မှုတွေရှိခဲ့ပါကြောင်း ကုလသမဂ္ဂအေဂျင်စီများ၏အစည်းအဝေးများတွင် ဝေဖန်ခံရမှုတွေ ရှိနေပါတယ် ။

နိုင်ငံရေးပညာရှင်များအကြား New World Order စတင်လာတော့မည်လား ဆိုသည့် ခန့်မှန်းသုံးသပ်မှုတွေရှိလာနေချိန်တွင် ယခု တရုတ်- ဆော်ဒီ ဆက်ဆံရေးနှင့် အမေရိကန်-ဆော်ဒီ ဆက်ဆံရေးကို နှိုင်းယှဉ် လေ့လာပါက
လုံလောက်မှု မရှိသေးသော်ငြား ခန့်မှန်းခြေအဖြေတစ်ခုကို တွေ့နိုင်ပါတယ် ။

သို့သော်လည်း Unipolar System မှ Multi-polar System သို့ ထင်ထင်ရှားရှား ကူးပြောင်းနိုင်ပါရန်
တရုတ် -ရုရှား ဆက်ဆံရေး ဘယ်လောက်အထိ ပူးပေါင်းလက်တွဲ နိုင်မည်လဲ ဆိုသည့်အချက်က အရေးအကြီးဆုံး ဖြစ်ပါတယ်ဟု ထင်မြင်ယူပါတယ် ။
တရုတ်-ရုရှား ကြောချင်းကပ်ထားဖို့အရေးကြီးပါတယ် ။

ဒီအရေးများနှင့်ဆက်စပ်လျက် မြန်မာ့အခြေအနေကိုစဉ်းစားပါက မြန်မာသည် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု၏ကုလနှင့်အာဆီယံမျက်နှာစာများမှ  နိုင်ငံရေးဖိအား များပေးနေသည့်အပေါ် တရုတ်| ရုရှား တို့နှင့် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပါတယ် ။

အာရှ ပစိဖိတ်ဒေသတွင်း အမေရိကန်-တရုတ် -ရုရှား အားပြိုင်မှုများအပေါ် ဘက်မလိုက်ဆက်ဆံရေးဖြင့် အိန္ဒိယ၏ ရပ်တည်မှု ကစားမှု ကတော့ အတုယူလောက်စရာဖြစ်ပါကြောင်းကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင် ။

ယနေ့နိုင်ငံတကာသတင်းများ၌ Hot issue တရုတ်သမ္မတ President Xi ၏ ဆော်ဒီခရီးစဉ် အပေါ် လေ့လာထားသမျှကို ရေးသားဖော်ပြပေးလိုက်ပါတယ် ။

အလယ်တန်း အထက်တန်း ကျောင်းသူဘဝမှ စတင်၍ နိုင်ငံတကာသတင်းများကို လေ့လာပြီး ပြန်လည်ပြောကြားလေ့ကျင့်ပေးသည့် ချစ်သော ဒယ်ဒီ ကြည်း ၁၁၄၇၃ ကို လက်ဆယ်ဖြာထိပ်မိုးလျက် ရှိခိုးကန်တော့လိုက်ပါတယ် 🙏
ပညာရပ်ဆိုင်ရာ ဆရာ ဆရာမများ၏ ဂုဏ်ကျေးဇူးကို  လက်ဆယ်ဖြာထိပ်မိုးလျက် အရိုအသေပြုပါတယ် 🙏

Post a Comment

Previous Post Next Post