KIA အဖွဲ့ဝင်တစ်ယောက်ရဲ့ ရင်ဖွင့်ထားတဲ့စာ

KIA က ကောင်တွေ AA ကကောင်တွေကို အားကျနေကြပြီ..
သူတို့တွေလည်း AA ကအဖွဲ့ဝင်တွေလို အိမ်ပြန်ချင်နေကြကြောင်း၊ AA အဖွဲ့လို သူတို့ KIA အဖွဲ့လည်း အပစ်ခတ်ရပ်စဲစေချင်ကြောင်း သူတို့ KIA ခေါင်းဆောင်တွေအနေနဲ့ အပစ်အခတ်ရပ်စဲပေးဖို့ ရေးထားတဲ့ KIA အဖွဲ့ဝင်တစ်ယောက်ရဲ့ ကချင်လိုရေးပြီး ရင်ဖွင့်ထားတဲ့စာတဲ့ အောက်မှာမြန်မာလိုပြန်ပေးထားတယ်....
ဖတ်ကြည့်လိုက်ကြအုံး
=================
ပစ်တာခတ်တာတွေရပ်လိုက်ကြတဲ့သတင်းတွေကြားရတော့ မဟာမိတ်ရခိုင်အဖွဲ့တွေကို မေးမြန်းစုံစမ်းကြည့်တာ ဟုတ်တယ်လို့ သိရတယ်။ မဟာမိတ်တို့တောင် အိမ်တွေ ဘာတွေ ကို ခွင့်ပြန်ခွင့်ရနေကြပြီ၊ နားလည်မှုနှင့် လွတ်လွတ်လပ်လပ် သွားလာနေကြ တယ်၊ အိမ်ကိုပြန်ရောက်ပြီး အဖေ၊ အမေ၊ ဆွေမျိုးတွေနဲ့ ပျော်ရွှင်ကြည်နူး နေကြတယ် လို့သိရတယ်။

သူတို့ပြည်နယ်ထက် ငါတို့ဝမ်ပေါင်ပြည်နယ်ကြီးက ဟိုးအရင်ကတည်းက ငြိမ်းချမ်းရေး လုပ်ခဲ့ကြတာပဲ၊ အဲဒီကာလတုန်းက အရမ်းကိုပျော်ရွှင်ပြီးစိတ်ချမ်းသားခဲ့ကြရတာပဲ၊ ဒါကိုတို့ KIA ခေါင်းဆောင်ကြီးတွေ၊ ဒူဝါကြီးတွေလဲ သိကြတာပဲ၊ အခုဘာဖြစ်လို့ ဒီလိုဖြစ် နေသလဲ စဉ်းစားလို့တောင်မရတော့ပါဘူး။

အခုလည်း ငါတို့ပြည်နယ်ကောင်းစားရေးအတွက် မဟုတ်တော့ဘဲ စစ်ကိုင်းတို့ မကွေးတို့ ဘက်တွေကို သွားပြီးတော့ ဝိုင်းလုပ်ပေးနေရတယ်၊ ကိုယ့်နေရာနဲ့တင်အားမရတော့ဘဲ သူများနယ်မြေတွေထိတောင် သွားလုပ်ပေးနေရတော့ နယ်မြေကလည်းအသစ်၊ PDF တွေကလည်း ဂဂျိုးဂကျောင်နဲ့တော့ ငါတို့ကို သူများနယ်မြေမှာသွားပြီး သေခိုင်းနေတာနဲ့ အတူတူပဲ၊ စိတ်ပျက်ပါတယ်ကွာ။

မဟာမိတ် AA တွေလို ခွင့်ပြန်ချင်တယ်၊ ကိုယ်ပြည်နယ်မှာ လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်ချင်ပြီကွာ၊ ဒါကိုငါတို့ KIA က လူကြီးတွေ သိသင့်ပြီ နားလည်သင့်ပြီကွာ၊ ငါတို့ အတွက်၊ ဝမ်ပေါင်ပြည်နယ်အတွက် အေးချမ်းအောင် အပစ်အခတ်ရပ်စဲရေး လုပ်သင့်ပြီ လို့ ထင်တယ်ကွာ။

#Credit

Post a Comment

Previous Post Next Post