KIA ရဲ့ ရက်စက်ယုတ်မာမှုဖြင့် သတင်းအမှားများ ဖြန့်ဝေမှုကြောင့် စစ်ကောင်စီရဲ့ အလစ်အငိုက် ဝင်တိုက်ခြင်းကို ခံရကြောင်း တအာင်းအဖွဲ့မှ ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ဒီဇင်ဘာလ၇ ရက်နေ့မှ စပြီး TNLA တပ်ဖွဲ့များရှိရာသို့ လေကြောင်းပစ်ကူနှင့် အတူ အင်အားအလုံးအရင်းဖြင့် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင်း TNLA ဘက်မှ ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း အမည်မဖော်လိုသူ
တအာင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက TNLA တပ်ဖွဲ့များ ရှိရာ နမ့်ဆန်မြို့နယ်  ပိန်းလုံအုပ်စု ဟူးမန်းကျေးရွာနှင့် ကုန်းသာရွာကြားကို လေကြောင်းအသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကြောင့် TNLA ဘက်မှ ထိခိုက်သေဆုံးမှုတွေ များကြောင်း သိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ တအာင်းသတင်းရင်းမြစ်များက စုံစမ်းနေတယ်လို့ ပြောပါတယ်။

ယခုကဲ့သို့  TNLA တပ်ဖွဲ့ကို စစ်ကောင်စီမှ ဝင်ရောက်တိုက်ခိုက်ခဲ့ ဖြစ်စဉ်အပေါ် KIA လော်ဘီများမှ " TNLA ခေါင်းဆောင်မှ UWSA ထံ လက်နက်အကူအညီသွားတောင်းနေချိန် TNLA အတွင်းရေးမှူးဖြစ်သူမှ စစ်ကောင်စီကို ၎င်းတို့ ဌာနချုပ်အား လာတိုက်ရန် စိန်ခေါ်မှုကြောင့် ယခုကဲ့သို့ အတိုက်ခံရခြင်းဖြစ်ကြောင်း "စသည့် သတင်းအမှားများကို ဖြန့်ဝေခဲ့တယ်လို့ တအာင်းအရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

Post a Comment

Previous Post Next Post