NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့အဖွဲ့တွေကို တံခါးဖွင့်ထားပြီး ကြိုဆိုနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ဒီဇင်ဘာ ၂ ရက်ကပြုလုပ်တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၄ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အခြေခံဟာ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း တံခါးဖွင့်ထားပြီး ကြိုဆိုနေကြောင်းနဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ ပါတယ်။

#ငါတို့ချစ်တဲ့မြန်မာပြည်
https://t.me/welovemyanmar1

Post a Comment

Previous Post Next Post