တမူးလူသတ်မှုကြောင့် တမူးPDF တပ်ရင်း (၄) အတွင်း သဘောထားကွဲလွဲ မှုဖြစ်ပေါ်နေ

တမူးမြို့တွင်အပြစ်မဲ့ပြည်သူတစ်ဦးအကြမ်းဖက် PDFများကလူမဆန်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်နဲ့ပတ်သက်ပြီးတမူးPDF တပ်ရင်း(၄)အဖွဲ့ခေါင်းဆောင်အချင်းချင်း သဘောထားတင်းမာနေကြတယ်လို့သိရပါတယ်။ လူသတ်မှုဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ ခန့်လင်းတို့အဖွဲ့နဲ့ တပ်ရင်း ၄ ခေါင်းဆောင် ငမျိုးတို့အဖွဲ့ အကြီးအကျယ်စကားများနေကြတယ်လို့ အတွင်းသတင်းတွေအရသိရပါတယ်။

ခန့်လင်းတို့၊ ဂျပန်ကြီးတို့အဖွဲ့ကအဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေ fb account တွေ နေရပ်လိပ်စာတွေ ပေါက်ကြားခဲ့တဲ့ဖြစ်စဥ်မှာ ခန့်လင်းတို့က ငမျိုးတို့အဖွဲ့လက်ချက်လို့ ယူဆနေပြီး ငမျိုးက ခန့်လင်းတို့ကို NUG ဆီမှာ အပြစ်ဝန်ခံဖို့ ဖိအားပေးနေတယ်လို့သိရပါတယ်။ ခန့်လင်းတို့ဂျပန်ကြီးတို့အဖွဲ့က အကြောင်းမဲ့လူသတ်ပြီး လူထုထောက်ခံမှုကျင်းဆင်းအောင်လုပ်နေတယ်လို့ ငမျိုးတို့ကစွပ်စွဲနေပြီး ခန့်လင်းတို့အဖွဲ့ရဲ့ မိသားစုတွေဝင်တစ်ချို့အဖမ်းခံရတာ ငမျိုးတို့အာခြောင်လို့ဖြစ်တာလို့ အပြန်လှန်စွပ်စွဲနေကြတယ်လို့သိရပါတယ်။

ခန့်လင်းတို့ဂျပန်ကြီးတို့အဖွဲ့ကဒီနေ့ညနေမှာ တပ်ရင်း ၄ စခန်း ထွက်ခွါသွားကြပြီး ခွဲထွက်သွားကြပြီလို့ အတွင်းသတင်းပေးကနေတဆင့်သိရပါတယ်။

#စစ်ကဲကြီး

Post a Comment

Previous Post Next Post