လေတစ်လုံး မိုးတစ်လုံး ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA) ဘာကြောင့် ချက်ခြင်းအပစ်ရပ်ပေးဖို့ စကစကို အတင်းတောင်းဆိုခဲ့တာလဲ


#MinChitOo
လိုင်ဇာကနေ ၂၀၁၆ ရခိုင်ရောက်လာတဲ့အချိန်မှာ AA မှာ တပ်ရင်းကို လူ ၃၀၀ ကျော်ရှိခဲ့သော်လည်း ၂၀၂၀ အပစ်ရပ်တဲ့အချိန်မှာ တစ်ရင်း လူ ၁၅၀ အခုအပစ်ထပ်ရပ်တဲ့အချိန်မှာ လူ ၇၀ ကျော်ထိပဲရှိတော့လို့ တပ်ဖွဲ့စည်းပုံပါဖျက်ပြီး ပြန်ပြင်လိုက်ရတယ်၊ ရွာတွေမှာ လူသစ်အသဲအသန်လိုက်စုရတဲ့အထိ ဖြစ်နေပြီ
သူတို့ကို ဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံတကာအထောက်အပံ့ရရန် ဘင်္ဂါလီတွေကို ပြန်သွင်းနိုင်ရေးအတွက် မောင်တောကိုအပြီးသိမ်းဖို့ အပစ်ရပ်ထားတာကိုဖောက်ဖျက်ပြီး မောင်တောအပြီးသိမ်းဖို့လုပ်တယ်၊
ဒါကိုသိတဲ့ စစ်တပ်က တပ်မတွေ ၃ ရက်အတွင်းထိုးပြီး ပိုက်စိပ်တိုက်ရှင်းထုတ်တာနဲ့ တစ်ဖက်မှာလည်း နေရာစုံက AA စခန်းတွေကို အမြောက်၊ ဂျက်၊ ဖိုက်တာတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ နေရောညရော သမခဲ့တာကြောင့် လူနာ ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်မှာဆေးကုနေရသလို ရခိုင်မြောက်ပိုင်းမှာလည်း ဒဏ်ရာ၂၀၀ ကျော် ရှိတယ်လို့ တစ်နေ့က မောင်တောမှာအလင်းဝင်လာတဲ့သူတွေဆီကနေ သိရတယ်
ဆေးကုဖို့အရင်က ရွာသားတွေကုနေတဲ့ တိုက်နယ်ဆေးရုံတွေက ဆေးတွေလိုက်ခိုးပြီး ကုခဲ့တယ်၊ မလောက်လို့ ပြည်တွင်းကနေမှာမယ်ဆိုတော့ ဆေးတွေသယ်ခွင့်ပိတ်လိုက်တာနဲ့ကြုံကော
တစ်ဖက်မှာလည်း ကားလမ်းရေလမ်းတွေပိတ်လိုက်တဲ့အခါ ငတ်ပြန်မှုက စလာပါရော၊ ဘယ်အခြေအနေထိတောင်ရောက်သွားလည်းဆိုရင် သူတို့ဆီက အချုပ်သားတွေနဲ့ တပ်ဖွဲ့ဝင်တွေ စခန်းတွေမှာ ဆန်ပြုတ်တောင် တစ်နပ်ပဲသောက်ရတဲ့အထိဖြစ်ကုန်တယ်၊ ဒါကြောင့်လည်း လမ်းတွေပြန်ဖွင့်ပေးဖို့ ယောင်ပြတရားမဝင်စစ်ရှောင်စခန်းတွေကို လှူကျဖို့ လိုင်းပေါ်ကနေ အော်တက်လာတာ
ခိုင်သုခသတင်းစာရှင်းလင်းပွဲမှာ ဒေသခံ ၃၂၄ ဦးဖမ်းခံထားရတယ်၊ ပြန်လွှတ်ပေးဖို့ဆိုပြီး ပြောခဲ့ပါရော၊ မြေပြင်မှာ စကစက ULA/AA နဲ့ မသက်ဆိုင်တဲ့သူ ၅၀ ကျော်ကို ပြန်လွှတ်ပေးပြီးပြီ ကျန်တဲ့သူတွေဆိုတာကလည်း ULA/AA ရဲ့ အရပ်သားတရားစီရင်ရေးဆောင်ရွက်နေသူတွေ၊ ဆက်ကြေးတာဝန်ခံတွေ၊ နယ်မြေမှုးတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဒီလိုကွက်တိဖမ်းလို့ အကုန်အိမ်မှာ မနေရဲကြတော့ဘဲ လွတ်ရာတောထဲပြေးကုန်တာကြောင့် ငွေကြေးကောက်ခံရေးနဲ့ တရားစီရင်ရေးတွေပါ လုံးဝရပ်ဆိုင်းသွားခဲ့တယ်
ဒီလိုငတ်လာတော့ ရွာတွေကိုမောင်းထုတ်ပြီးဝင်နေတယ် ကျန်ခဲ့တာတွေနဲ့အသက်ရှင်ရပ်တည်ရေး လုပ်တယ်, မထွက်ပေးတဲ့ရွာတွေမှာ ကတုတ်ကျင်းတွေတူခိုင်းပြီးနေလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့ အချိန် ဒေသခံတွေ သေကြေဒဏ်ရာရခဲ့ကြတယ်၊ နောက်ဆုံးမှာ AA စစ်ပွဲဖန်တီးလို့ ပြည်သူတွေ စစ်ဘေးသင့်နေတာ၊ လမ်းတွေပိတ်ကုန်တာ၊ လုပ်ကိုင်စားသောက်လို့မရတော့တာဆိုပြီး ဝေဖန်သံတွေ ထွက်လာကုန်ရော၊ အမှန်က လူသားချင်းစာနာထောက်ထားလို့မဟုတ်ဘူး ပြည်သူကို ခုတုံးလုပ်ပြီး သူတို့ရည်ရှည်ရပ်တည်နိုင်ရေးအတွက် ခဏအပစ်ရပ် ရိက္ခာနဲ့လူပြန်စုနေတာ
ဒီလိုဖြစ်လာမယ်ဆိုတာမတွက်ထားတဲ့ AA အနေနဲ့ မထင်မှတ်ထားတာတွေ ရက်ဆက်ဖြစ်လာတာကြောင့် နလန်မထူနိုင်တော့တဲ့အဆုံးမှာ.. စစ်ပွဲတာနိုင်နေရင် အုပ်ချုပ်မှု ယန္တရားသာကောင်းနေရင် သူတို့ရပ်ပါမလားဆိုတာ “စစ်တပ်ကရှုံးနေလို့ အပစ်ရပ်တာပါ” ဆိုပြီး ပြောနေတဲ့သူတွေ စဉ်းစားကြပေါဗျာ…
#MinChitOo
https://t.me/minchitoo989989

Post a Comment

Previous Post Next Post