ချီဖွေမြို့နယ်၌ ရွှေလုပ်သားများပါလာသည့် ၁၂ ဘီးကားကို KIA/PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မန်ဝိန်းကျေးရွာအဝင်တွင် ဒီဇင်ဘာလ ၉ ညနေ ၄ နာရီခန့်က ရွှေလုပ်သား များပါလာသည့် ၁၂ ဘီးယာဉ်ကို KIA/PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခဲ့ပြီး ကားပေါ်ပါ ရွှေလုပ်သားများ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ ကားမောင်းသမားတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

"ညနေပိုင်းလောက်မှာ ဖြစ်သွားတာ၊ တမူးရွာဘက်ကနေ လာကြတယ်ပြောတယ်၊ ရွှေလုပ်ကွက်ကနေပြန်ကြ တာ၊ မန်ဝိန်းကျေးရွာအဝင်နားအရောက်မှာ KIA PDF တွေက ပစ်တာ၊ ၁၅ ယောက်လောက် ထိသွားတယ်၊ ကားသမားတော့ နေရာမှာပဲ ဦးခေါင်းထိပြီး သေသွားတယ်" လို့ လူမှုကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေလုပ်သားများမှာ တမူးကျေးရွာဘက် ရွှေလုပ်ကွက်များမှ နေရပ်ပြန်လာကြသူများဖြစ်ကာ ကားပေါ်ပါ လုပ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် စိုးရိမ်ရသည့် ရွှေလုပ်သား ၃ ဦးခန့်မှာ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား ရပြီး ကားမောင်းသူ ကိုဖိုးဆိတ်ဆိုသူမှာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Post a Comment

Previous Post Next Post