အမြင်မတော်လို့ပါ


လူတွေကိုဂျင်းထည့်တဲ့သတင်းကို
ပြန်ဖြည်ပေးလိုက်တယ်

Public fast charging stationsမှာ
အားသွင်းမယ်ဆိုရင်
တစ်ယူ၄၀၀ပေးရတယ်ဆိုတာက
ဟုတ်တယ်
အားတစ်ခါသွင်းရင် ၃၀၀၀၀ကျမယ်ဆိုတာက
ရောချလိုက်တာ၊

အားသွင်းခက
သင်ဝယ်ယူထားတဲ့ကားရဲ့
ယူနစ် အနဲ အများပေါ်မူတည်ပြီး
ကွာသွားမှာ၊

ဒီလိုရှိတယ်ကွဲ့
၂၀ယူနစ်ရှိတဲ့ကားက
400X20 =8000ပဲကျမယ်
အားအပြည့်သွင်းချိန် မိနစ်၂၀ကြာမယ်
၂၀ယူနစ်ရှိတဲ့ကားက
အားအပြည့်သွင်းထားရင်
ရန်ကုန် ပဲခူး
အသွားအပြန်ရတယ်၊

50ယူနစ်ရှိတဲ့ကားက
400x50 =20000ကျမယ်
အားအပြည့်သွင်းချိန် မိနစ်၄၀ကြာမယ်
၅၀ယူနစ်ရှိတဲ့ကားက
ရန်ကုန်ကနေ နေပြည်တော်ကို
အသွားတစ်ကြောင်းရတယ်၊

70ယူနစ်ရှိတဲ့ကားက
400x70=28000ကျမယ်
အားအပြည့်သွင်းချိန် ၁နာရီကြာမယ်
၇၀ယူနစ်ရှိတဲ့ကားက
ရန်ကုန်ကနေ မိတ္ထီလာ
အသွားတစ်ကြောင်းရတယ်၊

100ယူနစ်ရှိတဲ့ကားက
400x100=40000ကျမယ်
အားအပြည့်သွင်းချိန် ၁း၁၅ကြာမယ်
100ယူနစ်ရှိတဲ့ကားက
ရန်ကုန်ကနေ မန္တလေး
အသွားတစ်ကြောင်းရတယ်၊

ခုတွက်ပြထားတာက
ဘက်ထရီအား
0%ကနေ 100%သွင်းတာကို
တွက်ပြထားတာ
သင့်ကားဘက်ထရီမှာ
50%အခံရှိနေရင်
အချိန်နဲ့ ပေးရတဲ့ယူနစ်ခ
တဝက်သက်သာမယ်
20%အခံကျန်နေရင်
20%စာသက်သာမယ်၊

ဆိုင်မှာမသွင်းပဲ
ကိုယ့်အိမ်က ထမင်းပေါင်းအို့တို့
မီပူးတို့ ၃မိနစ်အို့တို့ရဲ့
ပလတ်ပေါက်မှာသွင်းရင်
တစ်ယူနစ်ကို ၁၂၅ကျပ်ပဲကျမယ်
အားသွင်းချိန်တော့ကြာမယ်
အိမ်မှာသွင်းတာနဲ့
ဆိုင်မှာသွင်းတာ ဘာကွာသလဲဆိုတော့
အိမ်မှာ ACမီးနဲ့ အင်ပီယာနိမ့်နဲ့
ဖြေးဖြေးချင်းပဲသွင်းလို့ရတယ်၊

ဆိုင်မှာက
DC voltageနဲ့ Hi speedနဲ့
အမြန်ရိုက်သွင်းတာ
အဲ့လိုကွာသွားတယ်
အကယ်၍
သင့်အိမ်မှာ ပါဝါမီတာရှိတယ်ဆိုရင်
ဆိုင်မှာသွင်းသလိုမျိုး
DC hi speedနဲ့သွင်းလို့ရတယ်
Charging စက်က
ကားဝယ်ရင် တခါထဲ
ပါတယ် ထည့်ပေးထားတယ်
DC charging စက်တန်ဖိုးက
သိန်း၂၀ကျော်တယ်
ကားရဲ့တန်ဖိုးမှာ ချာဂျင်စက်ဖိုးပါ ပါပြီးသား၊

EVကားတွေက
သူ့စွမ်းဆောင်ရည်ယူနစ်
အနဲ အများအပေါ်မူတည်ပြီး
ဈေးကွာသွားတယ်
ယူနစ်နဲတဲ့ကားဝယ်ရင်
ရတဲ့ကီလိုနဲမယ်
ဈေးသက်သာမယ်

ယူနစ်များတဲ့ကားဝယ်ရင်
ဈေးပိုမယ် ကီလိုများများ
မောင်းလို့ရမယ်

ယူတို့သုံးလိုတဲ့ငွေနဲ့
ယူတို့သွားလိုတဲ့ခရီးအကွာအဝေးပေါ်မူတည်ပြီး
ရွေးချယ်ရမှာ၊

သင် ဘယ်လောက်ယူနစ်ရှိတဲ့
ကားဝယ်ဝယ်
ရန်ကုန်မြို့အတွင်းပတ်တာလောက်က
ဆိုင်မှာအားသွင်းစရာမလိုပဲ
ကိုယ့်အိမ်မှာ မီး၃နာရီလာနေရင်
နောက်နေ့အတွက်
အားဖြည့်ဖို့လုံလောက်နေပြီ။

#IPကွမ်းသီး

Post a Comment

Previous Post Next Post