မီဒီယာထောင်ချောက်ထဲမှ မီဒီယာအဆိပ်မိနေသူများ

  ယနေ့ ကမ္ဘာမှာ Super Power နိုင်ငံဆိုပြီး ကမ္ဘာမှာ ဆရာကြီးလုပ်နေတဲ့ အမေရိကန်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ကျော်တုန်းက ဘယ်စစ်အုပ်စု၊ ဘယ်မဟာမိတ်အဖွဲ့တွေမှာ မပါဝင်ခဲ့ဘဲ တစ်ကိုယ်တော်ဝါဒ (Isolationism)ကို ကျင့်သုံးခဲ့ပါတယ်..
    အမေရိကန်ဟာ လွတ်လပ်ရေးရပြီးကာစ စီးပွားရေးမတောင့်တင်းသေးတော့ နိုင်ငံတကာအရေးကိစ္စတွေမှာ လက် ရှောင်နေခဲ့တာပါ..
    တစ်ကိုယ်တော်ဝါဒ ဆိုပေမဲ့လည်း နိုင်ငံအားလုံးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး နိုင်ငံတကာကုန်သွယ်ရေးတွေကိုတော့ ဆောင်ရွက်တယ်.. ပြည်တွင်းရေးရာတွေကိုဘဲ အာရုံစိုက်ထားခဲ့တယ်...

    ဒီလိုနဲ့ အမေရိကန်သမ္မတ အဆက် ဆက် သူတို့နိုင်ငံရဲ့ သြဇာကိုမြင့်မားလာဘို့ မှန်ကန်တဲ့ ပေါ်လစီတွေချပြီး တဖြည်းဖြည်းနဲ့ နယ်ပယ်ချဲထွင်လာခဲ့တာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး စစ်အေးကာလအလွန်ရောက်တော့ သမ္မတ ဂျော့ဘုရှ်(စီနီယာ)က ''New World Order'' ဆိုတဲ့ '' အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသော ကမ္ဘာကြီးတည်ဆောက်ရန်'' ဆိုတဲ့ အယူအဆကို ထုတ်ပြန်ကြေငြာခဲ့တယ်..
       ဆိုလိုတာက ကမ္ဘာကြီးကို အမေရိကန်ကဦးဆောင်မယ်၊ ဆရာကြီးလုပ်မယ် ဆိုတဲ့ သဘော၊ တစ်ခုတည်းသော Super Power နိုင်ငံဖြစ်ကြောင်း ကြေငြာလိုက်တာပါ...
         အဲဒီလို အမေရိကန်ဟာ Super Power ဖြစ်ဘို့ တည် ဆောက်ခဲ့တဲ့နေရာမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတ အဆက်ဆက်ဟာ
     - နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တောင့်တင်အောင် အရင်တည်
        ဆောက်တယ်
     - ပြီးတော့ စစ်ရေးအင်အား တောင့်တင်အောင်တည်ဆောက်
        တယ်
     - နောက်တော့ သံတမန်ဆက်ဆံရေး တောင့်တင်းအောင်
       တည်ဆောက်တယ်
      - ငွေကြေးကဏ္ဍ ခိုင်မာအောင်တည် ဆောက်တယ်(US Dollar
        ကို ကမ္ဘာသုံးငွေကြေးဖြစ်အောင်တည်ဆောက်)
      - အဲဒီ ကဏ္ဍတွေအားလုံး တည်ဆောက်နိုင်အောင် မီဒီယာ
        ကဏ္ဍကို တစ်ချိန်တည်း အဆင့်ဆင့်တိုးတက်အောင်၊ ခိုင်မာ
        တောင့်တင်း တည်ဆောက်ခဲ့ကြလို့ပါဘဲ...

       ဒီနေရာမှာ  အဓိကပြောချင်တာက မီဒီယာကဏ္ဍကို ဘယ်လို Version မြှင့်ပြီး တည်ဆောက်ခဲ့သလဲဆိုတာပါ...
မီဒီယာခေတ်ဦးမှာ Printed Media က စခဲ့တယ်လို့ ဆိုရပါမယ်..
Printed Media က စခဲ့တယ်လို့ ဆိုရပါမယ်..

      မြန်မာနိုင်မှာ မင်းတုန်းမင်း နတ်ရွာမစံခင် ခန့်မှန် ၁၈၇၈ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်.. နန်းတွင်းရေးရှုပ်ထွေးပြီး မင်းညီ မင်းသားများစွာ လုပ်ကြံသတ်ဖြတ်ပြီး နန်းလုကြတဲ့ ဖြစ်စဉ်ကို အားလုံးသိကြမှာပါ..

       အဲဒီလို မြန်မာနန်တွင်းမှာ အချင်းချင်းသတ်ဖြတ်ကြတာကို အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ New York Times က ''မြန်မာ နိုင်ငံမှာ နန်းတွင်းအာဏာလု လူသတ်ပွဲကြီး ဖြစ်ပွားနေကြောင်း၊ မြန်မာလူမျိုးတွေဟာ မယဉ်ကျေးတဲ့ လူ့အရိုင်းအစိုင်းများဖြစ်ကြောင်း'' စသဖြင့် နိုင်ငံတကာမှာ ဝါဒဖြန့်နေပြီဖြစ်ပါတယ်..
အသေးစိတ်သိချင်သူများ စာရေးသူတော့ မမှတ်မိပါ၊ ''မင်းတုန်းမင်းနှင့် New York Times သတင်းစာ'' စာအုပ်ကို ရှာပြီးဖတ်ရှုနိုင်ပါတယ်...

      အဲဒီခေတ် အမေရိကန်နဲ့အနောက်နိုင်ငံတွေမှာ Printed Media ဟာ အား ကောင်း နေချိန်ဖြစ်ပြီး မြန်မာပြည်မှာတော့ မီဒီယာဆိုတာ ကိုက်စားစရာလားလို့ မေးကြရမဲ့ခေတ်ပါ..
     ပြောရမယ်ဆိုရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံထက် နှစ်ပေါင်း ၁၀၀ နီးပါး မီဒီယာအသုံးချမှုစောခဲ့တယ်လို့ ပြောလို့ရနိုင်ပါတယ်..

    ၁၉ ရာစု အကုန်လောက်ထိ ပုံနှိပ်မီဒီယာ ဘဲရှိပါသေးတယ်.. ၂၀ ရာစုရောက်လာတော့ ပုံနှိပ်မီဒီယာအပြင် ရေဒီယိုပေါ်လာပါတယ်..၁၉၆၀ ခုနှစ်နောက်ပိုင်း Television TV ၊ ၁၉၈၀ ခုနှစ်မှာ ကွန်ပျူတာနဲ့ အင်တာနက် ပေါ်ပေါက်လာကြပြီး ၂၀၁၀ ခုနှစ်ပတ်ဝန်းကျင် ကာလမှတော့ ယနေ့ခေတ်စားနေတဲ့ Social Media ပေါ်ပေါက်လာခဲ့ပါတယ်..

    အခုတင်ပြတဲ့  ရေဒီယို၊ TV၊ ကွန်ပျူ တာ၊ အင်တာနက်၊ Social Media ဆိုတဲ့ Media Platform တွေကို အဆင့် ဆင့်နည်းပညာများဆန်းသစ်တီထွင်ခဲ့တာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကဘဲဖြစ်ပါတယ်၊ ပြီးတော့ ငွေ အမြောက်အများ အရင်းအနှီးစိုက်ထုတ် လုပ် ဆောင်ခဲ့ကြလို့ ယနေ့ကမ္ဘာ့မီဒီယာတိုက်ပွဲမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဘဲ အသာရနေဆဲဖြစ်ပါတယ်..

     ကမ္ဘာ့အကြီးမားဆုံးသော သတင်းဌာန ဥပမာ CNN, NBC, Reuters, BBC, VOA, RFA စသဖြင့် တွေဟာ အမေရိကန်နိုင်ငံနဲ့ အနောက် နိုင်ငံပိုင်တြွေဖစ်ပါတယ်..

     ဒါအပြင် ယနေ့ခေတ် Social Media တွေဖြစ်တဲ့ Facebook, Twitter, Instagram, Google, UTube စတဲ့ ပိုင်ရှင်တွေဟာ အနောက်နိုင်ငံတွေကပါဘဲ. . သူတို့ရဲ့ Media Platform ပေါ်ကို တစ်ကမ္ဘာလုံးက အသုံးပြုလာအောင်ဖျော်ဖြေရေး (Entertainment) များနှင့်အခြားလူ့သဘောသဘာဝ စိတ်ဝင်စားမည့် ကဏ္ဍများကိုထည့်သွင်းပေးထားပြီး AI အဆင့်မြင့် နည်းပညာတွေအသုံးပြုမျှားခေါ်လာတဲ့အတွက် ကမ္ဘာ့နိုင်ငံအများအပြားက ပြည်သူတွေဟာ သူတို့ရဲ့ မီဒီယာထောင်ချောက်ထဲ ထောင်ချောက်မှန်းမသိဘဲ

ဝင်သွားရတော့တာပါဘဲ...

   ထောက်ချောက်ထဲရောက်နေတဲ့ သား ကောင်ဟာ သူတို့ပြုသမျှ နုကြရတာပါ..

အဲဒီထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်..

     ဥပမာ မြန်မာနိုင်ငံမှာ အသုံးများတဲ့ Social Media တစ်ခုဖြစ်တဲ့ Facebook Platform ဟာ အနောက် နိုင်ငံရဲ့ နောက်လိုက် အဆိပ်လူးထားတဲ့ မြန်မာမီဒီယာတြွေဖစ်တဲ့ DVB၊ Myanmar Now၊ ခေတ်သစ်၊ ဧရာဝတီ စတဲ့ မီဒီယာတွေရဲ့ Content တွေပေါ်မှာ ကန့်သတ်တွေမရှိသလောက်ဖြစ်ပေမဲ့ ၄တို့နဲ့ ဆန့်ကျင်ဘက်အမြင်ရှိတဲ့ မီဒီယာတွေရဲ့ Content တွေပေါ်မှာတော့ နည်းမျိုးစုံနဲ့ ကန့်သတ်ရုံမျှမက Facebook က ဖြုတ်ချသည်အထိ ဆောင် ရွက်ခဲ့တာကို တွေ့မြင်နေရပါတယ်.. ဒီလို လုပ်ရတာဟာလဲ သူတို့ရဲ့ အဆိပ်ကို ပယ်ဖျက်ဘို့ ဖြေဆေးတွေ မထွက်ပေါ်လာဘို့ဘဲ ဖြစ်ပါတယ်...

    Social Media မပေါ်ခင်တုန်းက အနောက်နိုင်ငံမီဒီယာတြွေဖစ်တဲ့ BBC, VOA,RFA စတဲ့ မီဒီယာတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေထုတ် မှိုင်းတိုက်ခဲ့ကြတာ အတိုင်း အတာတစ်ခုထိသာ အဆိပ်သင့်သလို.... ယခု Social Media ခေတ်မှာတော့ ပိုမိုကျယ်ကျယ်ပြန့်ပြန် အားပြင်းတဲ့ အယူလွဲအမြင်မှားစေမဲ့ အဆိပ်မှိုင်းတွေဟာ အကန့်အသတ်မရှိ ဝင်ရောက် လာပါတယ်...

     မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ အလိမ်အညာတွေကို ယုံခဲ့ကြတယ်၊ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်ကို ပြည်သူတွေက မုန်းတီးလာအောင်၊ တပ်မ တော်အင်အားချိနဲ့လာအောင် မီဒီယာ အဆိပ်ကို နည်းနည်းချင်းကျွေးလာရာကနေ အခုတော့ အတုံးလိုက်အတစ်လိုက်ကျွနေပါပြီ..

     အဲဒီအဆိပ်ရေချိန်မြင့်လာတာ အခုတော့ တချို့မြန်မာတွေ ရောဂါ ကျွမ်းလို့.. ကုရာနထ္တိဆေးမရှိ ဖြစ်ကုန်ပါပြီ..တစ်ဖက်ပိတ်ပြီး စုံလုံးကန်းသွားကြပါပြီ..

     အမှန်ကို အမှားထင်.. အမှားကို အမှန်ထင်... မဲခိုးပြီး နိုင်ငံအာဏာကို ရယူဘို့ ကြိုးစားတာကို အမှန်ထင်တယ်... တပ်မတော်က အကြိမ်ကြိမ်ညှိနှိုင်းပေမဲ့ လက်မခံတော့ ၂၀၀၈ ခြေဥနဲ့ အာဏာထိန်းတာကိုတော့ အမှားထင်တယ်..

    အကြောင်းမဲ့ လက်နက်မဲ့ ပြည်သူတွေကို လိုက်သတ်တာကို ဓမ္မ လို့ထင်တယ် ...

   တပ်မတော်က လက်နက်ကိုင်အကြမ်း ဖက်တဲ့ သောင်းကျန်းသူတွေကို တရားဥပဒေနဲ့အညီ စစ်ဆင်တိုက်ခိုက်တာကို အဓမ္မလို့ ထင်ကြတယ်..

    ဓမ္မ ကို အဓမ္မထင်.. အဓမ္မ ကို ဓမ္မထင်ပြီး မြန်မာအချင်းချင်း သတ်လိုက်ကြတဲ့လူတွေ ငါးထောင်ကျော်နေပါပြီ...

   မင်းတုန်းမင်းခေတ်က New York Times သတင်းစာက ပြောခဲ့တဲ့ မြန်မာတွေဟာ မယဉ်ကျေးတဲ့ အရိုင်းအစိုင်းတွေဆိုတဲ့ စကားက အခုမှ တကယ်ဖြစ်လာတာပါ..

အဲဒါမီဒီယာရဲ့ အစွမ်းပကားပါ... မီဒီယာထောင်ချောက်ထဲ မီဒီယာအဆိပ်တွေမိခဲ့ကြလို့ပါဘဲ......

          (ဆက်လက်ဖော်ပြပါဦးမည်)

#PAN

Post a Comment

Previous Post Next Post