ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု တပ်ချုပ်ပြော


ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း သွားရောက်လျက်ရှိနေသည့် ရခိုင်ပြည်နယ်ခရီးစဉ်၌ အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းကာ တရားဥပဒေစိုးမိုးမှုရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန်လည်း တပ်ချုပ်က မေတ္တာရပ်ခံထားပါတယ်။

ထို့ပြင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ၎င်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားပါတယ်။

Post a Comment

Previous Post Next Post