နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များသာတက်ရောက်ခွင့်ရမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၁)ပတ်ကြာကျင်းပမည်


(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် (၁)ပတ်ကြာကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြပွဲကို နေပြည်တော်တွင် မတ်လ(၁၇)ရက်မှ (၂၃)ရက်အထိ တစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Post a Comment

Previous Post Next Post