နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်


မိမိတို့အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ စီးပွားရေးဦးတည်ချက် အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် အခြား ဦးတည်ချက်များကိုပါ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေး မောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေး မောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်သည်။

#နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ #နိုင်ငံတော်ဝန်ကြီးချုပ် #ပြောကြားချက် #ကောက်နုတ်ချက်

Post a Comment

Previous Post Next Post