နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်


၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

အဆိုပါ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က ယနေ့ညနေပိုင်းတွင် သွားရောက်၍ တွေ့ဆုံဂါရဝပြု နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post