ဝန်ထမ်း​တွေကိုအသုံးချခဲ့တဲ့ နိုင်ငံ​ရေးသမားများ

ဇော်ဝေစိုးတို့ကတော့ နိုင်ငံခြားမှာနေပြီး အပြောလေးတစ်ပေါက်နဲ့ မြှောက်ပေးလိုက်တာပဲ... ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီးမြှောက်ပေးလို့ CDM လုပ်မိတဲ့ဝန်ထမ်းတွေ နေစရာအိမ်ကဆင်းပေးရ၊ အလုပ်ပြုတ်ပြီး ဝင်ငွေမရှိတော့လို့ ဘဝပျက်သွားတာမှ အများကြီး
သူ့လစာလေးနဲ့သူ အေးအေးဆေးဆေးနေလို့ရတဲ့ ကျောင်းဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ စားရမဲ့သောက်ရမဲ့အထောက်အပံ့မဲ့ဘဝမို့ မကောင်းတဲ့မိန်းမဖြစ်တဲ့သူကဖြစ်၊ ပျိုးနှုတ်ကောက်စိုက်တဲ့သူကစိုက်၊ ပုလင်းခွံဘူးခွံကောက်တဲ့သူကကောက်နဲ့ ဒုက္ခတွေပင်လယ်ဝေလို့...  အခုချိန်ထိ CDM တွေအတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မထောက်ပံ့ပေးနိုင်သေးဘဲ အားလုံးပြီးမှ ချီးမြှောက်ဖို့စီစဉ်ထားတယ်ဆိုတာက ပျားရည်နဲ့ဝမ်းလာချနေတာလား ပြောင်ကြီးရေ....

Post a Comment

Previous Post Next Post