နိုင်ငံကိုပျက်စီးစေချင်လို့ ပြည်သူတွေကို ဒုက္ခရောက်စေချင်လို့ နှုတ်ဆိတ်နေတယ်ဆိုတာ သိပ်သိသာတာပဲ

ဒီပြဿနာတွေ မဖြစ်လာခင်ကတည်းက တပ်ကညှိနှိုင်းခဲ့တာက ရွေးကောက်ပွဲ ရလဒ်တစ်ခုလုံးကို ပယ်ဖျက်ပစ်ဖို့ မဟုတ်ခဲ့ဘူး...အခုလက်ရှိ အငြင်းပွားနေတဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းပေး... အဲဒီကာလမှာ တတိယအကြိမ်လွှတ်တော်ကို ခဏဆိုင်းငံ့ထားပေး...ဒီလောက်ပဲ...ပြီးတော့ မဲမသမာမှုက သန်းချီရှိခဲ့တာ... မဲပေးခွင့်ရှိတာက သန်း ၃၀ ကျော်...မဲမသမာမှုဖြစ်ခဲ့တာက ၁၁ သန်းကျော်...ဖြစ်သင့်ရဲ့လား..? ဒီဖြစ်စဉ်ကိုလည်း တာဝန်မယူတဲ့အပြင် ဒေါ်စုဟာ တပ်နဲ့ပြည်သူကိုပါ ရန်တိုက်ပေးပြီး နှုတ်ဆိတ်နေခဲ့တယ်...ပိုဆိုးတာက PDF အကြမ်းဖက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဘာတစ်ခုမှ မပြောဘဲ သိသိချည်းချည်းနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာပဲ...ဒီတော့ နိုင်ငံကိုပျက်စီးစေချင်လို့ ပြည်သူတွေကို ဒုက္ခရောက်စေချင်လို့ နှုတ်ဆိတ်နေတယ်ဆိုတာ သိပ်သိသာတာပဲ...အစ်ကိုကြီးနဲ့တောင် မတည့်တဲ့ ညီမ...မောင်ဝမ်းကွဲနဲ့လည်း ပြဿနာတွေတက်လို့ လက်သီးနဲ့ အထိုးခံရတာ နည်းသေးတယ်လို့...

Post a Comment

Previous Post Next Post