မန္တလေး-ရွှေဘိုကားလမ်းတွင် အကြမ်းဖက်သမားများမိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဟန်းရှင်လူအပြစ်မဲ့ပြည်သူများဒဏ်ရာရ


မန္တလေး-ရွှေဘိုကားလမ်း အတိုင်းမောင်းနှင်လာသော ရွှေလမင်း အံစာတုံးခရီးသည်ယဉ်သည် ရွှေဘိုမြို့တောင်ဘက် ၆ မိုင်အကွာ ဘုန်းဘွဲ့နှင့် ဇီးတောကျေးရွာအကြား မတ် ၂၅ ရက် ညေန ၄ နာရီချိန်ခန့်တွင် အကြမ်းဖက်သမားများက မိုင်း ၈ လုံးဖြင့်(၃)နေရာဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ကားအချို့မိုင်းထိမှန်ပြီး ရဟန်း(၁) ပါးအပါအဝင် (၆)ဦးဒဏ်ရာရရှိခဲ့
ဦးပီစာရ၊ မစိုးရိမ်ကျောင်းတိုက်၊မန္တလေး။
ဗညား(ဘ)ဦးစိန်သောင်း၊ငှက်ပျောတိုင်ကျေးရွာ၊ကန့်ဘလူမြို့။(စိုးရိမ်ရ)
ထင်ကျော်လင်း(ဘ)ဦးနေလင်း၊(၁၀)ရပ်ကွက်၊ရွှေဘိုမြို့။
ဦးဝင်းပို(ဘ)ဦးသိန်းရွှေ၊ကျားမင်းကြီးကျေးရွာ၊စစ်ကိုင်းမြို့နယ်။(စိုးရိမ်ရ)
မင်းနောင်(ဘ)ဦးကြည်စိုး၊ပျဉ်းမမြိုင်ကျေးရွာ၊ကျွန်းလှမြို့နယ်။(စိုးရိမ်ရ)
မစုလျှံထွန်း(ဘ)ဦးကျော် စိုး၊ထန်းကုန်းကျေးရွာ၊ကန့်ဘလူမြို့နယ်။
နန်းငယ်

Post a Comment

Previous Post Next Post