ကောင်းစားတဲ့သူတွေကောင်းစားသွားကြလေပြီ....

အိမ့်ပိုးဥ (ခ) ပန်ဆယ်လိုက အမေရိကန်မှာ စတိုးဆိုင်တစ်ခုဖွင့်တဲ့အပေါ် လူအများစုက မယုံကြခြင်းက ဘာကြောင့်လည်းဆိုတော့ သူမတစ်ချိန်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပဲ။
.
အရင်က သူများစာတွေကို ခပ်တည်တည်နဲ့ သူရေးသလို ကူးတင်တယ်၊ အဲ့ဒါကိုသွားပြောမိရင် ဆဲလို့ရတဲ့လူဆို ဆဲလွှတ်တယ်။ နောက်ဆုံးမနိုင်မှ အိုင်ဒီယာတူတာပါ ထ လုပ်တယ်။
.
ဤ သည် မရွေးအိုင်ဒီယာက တူနိုင်လွန်းလို့ ဝေဖန်ကြတော့ နောက်ပိုင်း သံတူကြောင်းကွဲ ခိုးချတယ်။ နွေဦးတော်လှန်ရေးမှာလည်း သူများတွေတင်တဲ့စာကို သူရေးတဲ့စာလို ခပ်တည်တည်နဲ့ ယူတင်တယ်။
.
ခရက်ဒစ်အတွက် သွေးကွဲနေရမယ့်အစား ပန်းတိုင်က အဓိကပဲဆိုတဲ့ ပုံစံနဲ့ လုပ်ခဲ့လို့ မူရင်းရေးသူတွေ အောင့်သက်သက်နဲ့ ငြိမ်ခံခဲ့ကြရတယ်၊ သူမကို မျှော်လင့်ကြတာလည်းပါတယ်။
.
ဒီလိုမျိုး သူတစ်ပါး ဉာဏ်ရည်ဉာဏ်သွေးနဲ့ ရေးခဲ့တဲ့ စာတွေကိုတောင် သူမကို လူသိအောင်၊ လူအထင်ကြီးအောင် ဗျောင်ကျကျခိုးရဲမှတော့ ကျန်တဲ့ကိစ္စတွေမှာလည်း ယုံကြည်ဖို့ မဖြစ်နိုင်တော့။
.
နောက်တစ်ချက်က အမေရိကားကို မိသားစုလိုက်သွားနိုင်တယ်၊ မိသားစုတစ်စု အမေရိကားမှာ နေထိုင်ဖို့ဆိုတာ ဘယ်လောက်စားရိတ်ကြီးသလဲ အမေရိကားမှာနေသူတွေသိကြတယ်။
.
ဘာအလုပ်မှ မယ်မယ်ရရမရှိပဲ ရောက်ပြီးသိပ်မကြာဘူး ကားဝယ်စီးနိုင်တယ်၊ အဲ့ဒိအချိန်ထဲက စီးပွားရေးကို တိုးတိုးတိတ်တိတ်လုပ်နေတယ်၊ တစ်ခြားသူဘဏ့်အကောင့်နဲ့ ငွေလက်ခံတယ်။
.
မိသားစုလိုက် အပျော်ခရီးတွေထွက်တယ်၊ အကောင်းစားဘရန်းတွေသုံးနိုင်တယ်၊ ညီမဖြစ်သူက လက်မှတ်ခ စျေးကြီးတဲ့ ကေပေါ့ရှိုးကို ကြည့်နိုင်တယ်၊ နောက်ဆုံး သူ့လူယုံ စ လုံးက သက်မွန်ကိုတောင် အမေရိကားကို ဝန်ထမ်းလို လှမ်းခေါ်နိုင်တယ်။
.
အမေရိကန်မှာ စတိုးဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင် တရားဝင်ကျသင့်တဲ့ ကုန်ကျစားရိတ်ဟာ ဆိုင်ခန်းငှားခ ၁ နှစ်စာ ဒေါ်လာ ၁၀၅,၆၀၀၊ မှတ်ပုံတင်ကြေး လိုင်စင်ကြေးက ဒေါ်လာ ၄,၀၀၀ ကျော်၊ အာမခံက ၂,၄၀၀။
.
ဆိုင်ကို ပြန်လည်ပြင်ဆင်မွမ်းမံတာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေက ဒေါ်လာ ၂၃,၀၀၀ ဝန်းကျင်၊ စတိုးဆိုင်အတွင် စင်တွေဝယ်တာ ဒေါ်လာ ၃,၇၂၀၊ ကောင်တာနားမှာ ထားမယ့် ပစ္စည်းတွေအတွက် ဒေါ်လာ ၉,၅၀၀။
.
လေထွက်ပေါက်စနစ်တွေ၊ စျေးရောင်းတဲ့ POS စနစ်တွေ (သူတို့က iPad ကိုသုံးထားတယ်)၊ ပိုက်ဆံလက်ခံတဲ့ စနစ်တွေ အတွက် ဒေါ်လာ ၁၃,၇၅၀၊ CCTV အတွက်​ဒေါ်လာ ၁၀,၀၀၀ ကုန်ပါတယ်။
.
အခြားအထွေထွေကုန်ကျစားရိတ်တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် အမေရိကားမှာ စတိုးဆိုင်တစ်ခုဖွင့်ဖို့ ဒေါ်လာ ၃ သိန်းဝန်းကျင်​ (မြန်မာငွေ သိန်း ၁ သောင်းဝန်းကျင်) ကုန်ကျစားရိတ်ရှိပါတယ်။
.
နိုင်ငံသားမဟုတ်ရင် Credit (or) Loan ယူလို့မရတဲ့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဒီလိုမျိုး စ ဖို့ဆိုတာ ကိုယ်ပိုင်ရင်းနှီးငွေရှိရင်ရှိ မရှိရင် နောက်ကွယ်က အရင်းအနှီး ပံ့ပိုးသူရှိမှ ဖြစ်နိုင်ပါတယ်။
.
အခု ပဆလ စတိုးဆိုင်နဲ့ပါတ်သက်ပြီး တလောလေးက မဲဆောက်မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ယောက္ဖနဲ့ပေါင်းပြီး ဘားဖွင့်လို့ဆိုပြီး အမေရိကန်က ယခင် NLD အမာခံတစ်ယောက်က ဝေဖန်ခဲ့တဲ့ ဝေမှူးသွင်တို့တောင် လက်ညှိုးထိုးလာတယ်။
.
သူတို့ကတော့ ပိုသိတာပေ့ါ။ မြွေမြွေခြင်း ခြေမြင်ကြတာပဲကိုး။ တကယ်တော့ နွေဦးတော်လှန်ရေးမှာ တစ်နိုင်ငံလုံးက ဝိုင်းလှူကြတယ်၊ တစ်ချို့နိုင်ငံတွေမှာ သွားလုပ်တဲ့သူတွေ ချွေးနည်းစာကို ရသမျှ​ဝိုင်းလှူကြတယ်။
.
ဒီအတွက် လစဥ်အလှူငွေဟာ ဒေါ်လာ ၁ သန်း ဝန်းကျင်ကတော့ သာသာထိုးထိုးရနိုင်ပါတယ်။ စင်္ကာပူတစ်ခုထဲနဲ့တင် အတော်လေး များများစားစားရတယ်။ ဒီအတွက် ၂ နှစ်စာ အလှူခံရငွေဟာ ၈ သန်းဆိုတော့ ဒေါ်လာ ၃ သိန်းတန် ဆိုင်ဖွင့်တာ သိပ်မထူးဆန်းဘူးပေ့ါ။
.
ငွေကြေးနဲ့ပါတ်သက်လို့ များများစားစား မကိုင်ဖူးသူတွေဟာ ငွေတွေများများစားစား ကိုင်တွယ်လာရတဲ့အခါ လောဘတက်လာကြတာ ထုံးစံပါပဲ။ ဒါကြောင့် တစ်ချိန်က ပရဟိတ လုပ်ကြရင်း ငွေတွေမရှင်းနိုင် ထပ်အလှူခံနဲ့ အရှုပ်အရှင်းတွေ လူအများစု ဖြစ်ခဲ့ကြတာ လောဘကြောင့်ပါ။
.
ပဆလ ဟာ ရည်မှန်းချက်ကြီးတယ်၊ လည်တယ်၊ အင်မတန် လောဘကြီးတဲ့သူအဖို့ အခုလိုအခြေအနေမှာ သူမမိသားစု ရှေ့ရေးအတွက် လုပ်မှာပါပဲ ဘာလို့လည်းဆိုတော့ သူလည်း လောကီသားမို့ပဲ။
.
အခု သူ သုံးနေတဲ့ ပန်ဆယ်လို ဆိုတဲ့ ကလောင်နာမည်ကိုတောင် ခပ်တည်တည်နဲ့ မောင်ပိုင်စီးပြီး ခိုးထားတာအပြင် သူများရေးတဲ့စာတွေကိုပါ ခပ်တည်တည် ခိုးတဲ့သူ့အဖို့တော့ စတိုးဆိုင်ဖွင့်တာကို ဝေဖန်သူတွေအတွက် ပြစ်ပြစ်နှစ်နှစ်ဆဲတာ မထူးဆန်းပါဘူး။
.
ကိုယ့်နိုင်ငံကလူတွေကလည်း ကြာရင် မေ့သွားကြမှာပါပဲလေ။

Post a Comment

Previous Post Next Post