သူခိုး ဘဏ္ဍာစိုးခန့် တော်လှန်ရေး



၁။

ဓားမနဲ့ အဓမ္မယှဥ်ခုတ်ကြတဲ့ပွဲမှာ
သူခိုးတွေဟာ ဘဏ္ဍာစိုးခန့်ခံရပြီး
တော်လှန်မိခင်ဖခင်ကြီးတွေ ဖြစ်လာကြတယ်။

ကယ်ပါ ယူပါ တစာစာအော်နေသံတွေကြားမှာ 
သူတို့ဟာ ကူပါလှုပါ မျက်ရည်ခံထိုးကြ
ပြည်သူလှုသမျှဟာ
သူတို့ဘဝ ပြည်ပမှာ တင့်တယ်ဖို့ 
သူတို့သားသမီး ဒေါက်တာဘွဲ့ကြီးရဖို့အပြင်
ကမ္ဘာတခွင်သွားကြလာကြ သောက်ကြစားကြ
နေဖို့ထိုင်ဖို့အိမ်ဝယ်ကြတဲ့
ဘဏ္ဍာအရင်းအမြစ်ဖြစ်လာတယ်။

ပြည်သူ့အလှုငွေ မင်းတို့တွေပဲ ယူပါဖြုန်းပါ
အဲဲဒီအလှုငွေမှာ ခြေတွေလက်တွေဘဝတွေရင်းထားတာ မြိုရက်တဲ့ မင်းတို့ခံတွင်းဟာ မစင်တွင်းသာသာ။

၂။

ရွာတစ်ရွာ မီးလောင်တဲ့အခါ
တော်လှန်သူခိုးတို့သိပ်ပျော်ကြတာ
ဒီရွာပျက်တာအကြောင်းပြု မျက်ရည်သံတွေပေါင်းစုပြီး 
လှုပါကူပါအပြင် ကိုယ်ယူတာကိုပါ လက်ညှိုးထိုးလို့ရ
ဒါကြောင့်မို့ သူတို့ရဲ့ တိုးတိုးတိတ်တိတ်ညွှန်ကြားသံဟာ 
စစ်ဖြစ်တာနဲ့ ရွာမီးရှို့ လူသ*မုဒိမ်းတို့ ပါချင်ပါ
ဇာတ်နာမှ ငါတို့်သာမှာတဲ့
ဒီတစ်ခါလည်း ငတုံးငမွဲလေးတွေ လုပ်မြဲ
ဉာဏ်နည်းကြလို့လည်း ဓားခုတ်ရာလက်ဝင်လျှိုတာ။

၃။ 
အခုဆို နှစ်ဖက်ကြား ပြည်သူသေသွားတာ ၄၊ ၅ သောင်း
အိမ်ပေါင်း ၄၀၀၀၀ ကျော် မီးရှို့ခံရ
ပျက်သွားကြ ရွာပေါင်းထောင်ချီ
မျက်ရည်တွေ ငိုသံတွေစုံညီတဲ့ကြားမှာ
မယားငယ်ယူထားဝန်ကြီး အရက်သမားဝန်ကြီး
ဖာချတဲ့ဝန်ကြီးနဲ့ ပြည်သူ့အလှုငွေ ကိုယ့်ဝေတယ်ထင်
အလှပြင်တဲ့ ဝန်ကြီး စည်းစိမ်တွေဖိစီးလို့ ကုန်ခါနီးတိုင်း

ရွာတစ်ရွာမီးလောင်ရတယ်
ကုလသမဂ္ဂ ညီလာတစ်ခါခံတိုင်း အဓမ္မရိုင်းစိုင်းတဲ့လုပ်ရပ်တွေ ချိန်ကိုက်ဖော်ထုတ်တယ်။

ဒါတွေက သွေးရိုးသားရိုးလား
ဒီလိုမျိုး ကမ္ဘာကိုဇာတ်နာပြဖို့ သူတို့ပဲကျုးလွန်
သူတုိ့ခွင်ထဲ သူတို့ဖဲဝေသလား သူတို့ပဲသိမယ်။

၄။

မျုိးစေ့မသန်တဲ့ တော်လှန်ရေးတိုင်းဟာ 
ပြည်သူခါးချိနာတာကလွဲရင်
ပင်ပျိုအမြဲဖြစ် ပွင့်သစ်နိုင်မှာမဟုတ်သလို 
ခိုးကြဖွက်ကြလုယက်ကြတဲ့ ဘဏ္ဍာစိုးတွေရဲ့
သူခိုးစရိုက်ကလည်းမပျောက်သမို့
အပင်ကလည်း သန်လာစရာမရှိ
ဒီလိုမျိုး လူအန္ဓတွေ ခွက်လုနေတဲ့ကြားမှာ
နိုင်ငံနဲ့ပြည်သူ နာလန်မထူတာလွဲရင်
ဘာမှလည်းဖြစ်ာလာမှာမဟုတ်ဘူး။



၈. ၃. ၂၀၂၃

Post a Comment

Previous Post Next Post