မှတ်ပုံတင်လေးတစ်ခုကပေးတဲ့ အတွေးတခု🚨🚨🚨🚨🚨🚨🚨🚨🚨🚨


လူပြောများနေတဲ့ မှတ်ပုံတင်အရ ဆိုရင်တော့ သာကေတမှာနေတဲ့ ကလေးမလေးပေါ့နော်..မျက်မှန်လေးနဲ့ မရှုမလှသေဆုံးနေတဲ့ပုံကို မိဘတွေ မြင်ရင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေကြမလဲ ကိုယ်ချင်းစာပါတယ်…

စစ်ကောင်စီလော်ဘီ တယ်လီဂရမ် တွေမှာ တင်ထားတဲ့ ပုံတွေအရတော့ ဘယ်သူ ဘယ်ဝါဆိုတာ ကွဲကွဲပြားပြား မြင်တွေ့နေရပါတယ်...

သေချာတာကတော့ တိုက်ပွဲကြီးတွေမှာ PDF  အမျိုးသမီးငယ်လေးတွေကို EAOs အဖွဲ့တွေက အသုံးချနေပြီဆိုတာ ထင်ရှားတဲ့ အထောက်အထားပါပဲ…

EAOs တွေရဲ့ အနိုင်ကျင့်နှိပ်စက်မှု၊ NUG အဖွဲ့ရဲ့ တာဝန်မယူမှုတွေကြောင့် ကြေကွဲပေါက်ကွဲနေတဲ့ တောထဲက PDF လေးတွေရဲ့ အနာဂတ်ကတော့ ရင်လေးစရာ ကောင်းလှပါတယ်…

မြို့ကြီးတွေမှာ ပုံမှန်အခြေအနေပြန်ရောက်ပြီး မိဘရင်ခွင်မှာ အေးချမ်းစွာနေထိုင်နေကြတဲ့ လူငယ်များနဲ့ တောထဲမှာ ဘဝပျက်ဒုက္ခရောက်နေကြတဲ့ လူငယ်များရဲ့ အနာဂတ်အလားအလာကို တိုက်ပွဲထဲက ရလိုက်တဲ့ မှတ်ပုံတင်လေးက သက်သေပြနေတယ်လို့ စိတ်ထဲမှာ ခံစားနေရပါတယ်နော်…

#KhinNyo Chaw
👺👺👺👺👺👺👺👺👺👺

Post a Comment

Previous Post Next Post