ဒီပုံလေးကို မြင်တော့ ရင်ထဲကို ရသမျိုးစုံဖြစ်စေ တယ်


-
ပထမပုံက
တပ်မတော်ရဲ့ အကြီးဆုံးသူက
နွေးထွေးစွာ နှုတ်ဆက်နေလို့
အားကျ ဂုဏ်ယူမိတယ်...
-

ဒုတိယပုံကို ထပ်ကြည့်တော့
သူ့ဘေးမှာ ပါရမီဖြည့်ဖက် ဇနီးကောင်းရှိနေတော့
ဝမ်းသာ စိတ်ချမ်းမြေ့ရပါတယ်..
-
ထပ်ကြည့်ပြန်တော့
သူ့ဇနီးလေး တွယ်ချိတ်ထားတဲ့
စစ်သည်ရဲ့ လက်တစ်စုံဟာ..  ကော်လက်လေးတွေ
ဖြစ်နေတော့...  ကျနော် စာရေးမပြတတ်တော့ဘူးဗျာ 😔 ..
-
မျက်လုံးတစ်စုံကရော
သူမြင်မယ်လို့ ထင်ပါသလား ။
#KT

Post a Comment

Previous Post Next Post