တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာတင်သူ တစ်သိန်း ရှစ်သောင်း နီးပါးရှိ


၂၀၂၃ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖိုအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှောက်လွှာတင်ထားသူ တစ်သိန်း ခုနစ်သောင်း ကိုးထောင်ကျော် ရှိတယ်လို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သိရပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကိုတော့ လာမယ့် မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့်သူတွေအတွက် လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတိုနဲ့ ညှိနှိင်းဆောင်ရွက်နေတယ်လိုလည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသူကျောင်းသား  နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက် ဖြေဆိုခဲ့ပြီး တစ်သိန်း သုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post