ဒလတံတားတည်ဆောက်ပြီးစီးမှုကြောင့် ဒလအိမ်ခြံမြေဈေးများ မြင့်တက်လာ

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သည့် ဒလတံတားတည်ဆောက်နေမှုသည် လက်ရှိတွင် ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည့် အတွက်ကြောင့် ဒလမြို့နယ်၏ အိမ်ခြံမြေဈေးကွက်၌ ဝယ်ယူမှု များပြားလာ ပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိနေကြောင်း ဒလမြို့နယ် ဒေသခံများနှင့် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဒလတံတားစီမံကိန်း အခြေအနေကြောင့် လက်ရှိတွင် မြေကွက်များ အဝယ်လိုက်နေပြီး ယခင်က သိန်း ၈၀၀ ရှိနေသည့် မြေကွက်သည် လက်ရှိတွင် သိန်း ၁၅၀၀ အထိ ဖြစ်သွားသည်ဟု သိရသည်။

Post a Comment

Previous Post Next Post