အကြံကြီး ကြံနေတဲ့ NUG နဲ့ KIA

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေက အ သူခံ လည်သူစား ဆိုသလိုတော့ဖြစ်နေပြီ။ အခု NUG ခေါင်းဆောင်တွေက ချမ်းသာတဲ့ ပြည်ပနိုင်ငံတေွမှာနေပြီး Zoom Meeting လေး တက်လိုက်၊ အခြားနိုင်ငံတွေက ဖော်ရှိုးလုပ်တဲ့အစည်းအဝေးလေးတက်ပြလိုက်၊ မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောလိုက်၊ Live လွှင့်ပြီးမြှောက်ပင့်ပေးလိုက်နဲ့ အပန်းလေးဖြေရင်း စားသောက် ဖွယ်ရာတွေအပြည့်နဲ့ သာယာနေကြတယ်။
ပြည်တွင်းက PDF တွေ၊ KNU ၊ KIA အပါအဝင် EAOs အဖွဲ့တွေကတော့ တောထဲမှာ စုတ်တိစုတ်ပြတ်နဲ့ အသက်ပေးပြီး တိုက်ခိုက်နေကြရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး KIA က NUG ကို သိပ်ပြီးတော့ မကြည်တော့ဘူးလို့ အသံတွေကြားနေရတယ်။ သူတို့ကသာ တိုက်ပွဲ တွေမှာ ဆင်းဆင်းရဲရဲနဲ့ အသက်ပေးတိုက်ခိုက်နေရပေမယ့် ပြည်ပရောက်နေတဲ့ NUG က ဝန်ကြီးတွေ၊ ဝန်ငယ်တွေကတော့ အေးဆေးသာယာစွာနဲ့ ခေါင်းပြားအောင် အိပ်နေကြ တယ်ဆိုပြီး အသံတွေထွက်လာတယ်။
ကြားရတဲ့သတင်းတွေကတော့ လာမယ့်ဇွန်လအတွင်းမှာ KIA က တစ်နိုင်ငံလုံးမှာ ရှိတဲ့ PDF တွေကိုစုပြီး လက်နက်တပ်ဆင်ပေးကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ D-Day ကြေညာပြီး တစ်ပြိုင်နက်တည်း စစ်ဆင်ရေးလုပ်မယ်လို့ကြားနေရတယ်။
KIA က သူတို့ဆီကို လာရောက်ပူးပေါင်းနေတဲ့ PDF တွေကို လူတမ်းစေ့ လက်နက် တပ်ဆင်ပေးနိုင်ဖို့ဆိုတာ ဝေးသေးတယ်။ သင်တန်းတက်နေတဲ့ PDF တွေကိုလည်း ကောင်းကောင်းမွန်မွန် မကျွေးမွေး မထောက်ပံ့ပေးနိုင်ဘူး။ သူတို့ဆီမှာရောက်နေတဲ့ CDM တွေကိုလည်း မထောက်ပံ့ပေးနိုင်ဘူး။ ဒီလို ကိုယ့်ဆီမှာရှိနေတဲ့ လူတွေကိုတောင် လောက်ငအောင် မထောက်ပံ့ပေးနိုင်ဘဲ တစ်နိုင်ငံလုံးက PDF တွေအကုန်လုံးကို လက်နက် တပ်ဆင်ပြီး တစ်ပြိုင်နက်တည်း စစ်ဆင်ရေးလုပ်မယ်ဆိုတော့ KIA က ဘာတွေကြံပြီး ဘာတွေ ခွင်ဖန်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပဲ။
#စောသာမောင်

Post a Comment

Previous Post Next Post