အခု လက်ရှိ NUG pdf အားပေးတယ်ထောက်ခံတယ် ဆိုတဲ့ အသိုင်းအဝန်း ကသေမထူးနေမထူး လောက်ပဲ ရှိတော့တာ

NlD ပါတီ ရဲ့ မူဝါဒက အကြမ်းမဖက်ရေး
ရင်ကြားစေ့ရေးမူဝါဒ ဖြစ်တယ်ဆိုရင် အခု
NUG pdf အားပေးတွေဆိုတာ အကြမ်းဖက်
လမ်းကြောင်းပေါ်က သေမထူးနေမထူးတွေပါ။

ဝါးစိမ်းဒုတ်နဲ့ရိုက်၊လက်နက်ဖြုတ်သိမ်းတဲ့ပြသနာအစကနေ နဂါးအဖွဲ့ရဲဗိုလ်ကျမှုတွေကို ပုလဲပအဖဖွဲ့ခေါင်းဆောင် ဇော်ထက်(ယခင်လွှတ်တောအမတ်ဟောင်း)ဦးဆောင်တဲ့အဖွဲ့ဖြစ်တဲ့ပြသနာ၊ဝက်လက်နယ်က ဗိုလ်ကျားကြီးတို့အဖွဲ့ကိုဝက်လက်မြို့နယ် ပအဖအဖွဲ့က ပစ်ခတ်ဖမ်းဆီးတဲ့ပြသနာ၊ကနီနယ်မှာ သပိတ်ခေါင်းဆောင်အဖွဲ့ဝင် မသင်ဇာဟိန်း(ဆန္ဒပြပွဲသေဆုံသူ)၏ မိဘနှစ်ပါးစလုံး ကနီpdfခေါင်းဆောင် ထွန်းထွန်းဝင်း(တိုင်းဒေသကြီးအမတ်ဟောင်း)ဦးဆောင်အဖွဲ့က အရေးခင်းကာလတနှစ်ကျော်လာချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တဲ့ကိစ္စ၊မြောင်မြို့နယ်မှာ မြိုနယ် ပအဖခေါင်းဆောင်ကို အချင်းချင်းကလုပ်ကြံသတ်ဖြတ်တဲ့ကိစ္စ၊ဒါကမီဒီယာမှာဖုံးမရဖိမရပေါ်ပေါက်လို့ သိရတဲ့ကိစ္စတွေပါပဲ။

အထက်ဖော်ပြပါကိစ္စရပ်အကြောင်းအရာတွေကိုသုံးသပ်ကြည့်ရင် NUGအုပ်စုဘက်ခြမ်းမှာ ရှင်းမရ လင်းမရ တအုံ့နွေးနွေးနဲ့ပြသနာမီးစတွေကလောင်မြိုက်နေတယ်။ ထိုအတူမြေပြင်pdfတွေကလည်း အမြင်မတူတဲ့သူတွေကို ဒလန်ခေါင်းစဉ်နဲ့ ပြည်သူကိုလည်လှီးသတ်ဖြတ်၊သံဃာအပါး၃၇ပါးကိုလည်းရက်ရက်စက်စက်သတ်ဖြတ်ထား။စုစုပေါင်း pdfအဖွဲ့က ဒလန်ခေါင်းစဉ် လက်နက်မဲ့ပြည်သူ အယောက် ၅၀၀၀ကျော်ကိုသတ်ဖြတ်ခဲ့။

ဒီအကြောင်းအရာတွေကိုသိနေတဲ့ပြည်သူတွေက NUG,PDFတွေကို အားမပေးကြတော့ဘူး။အစပိုင်းအားပေးတဲ့သူတွေတောင် နောက်ဆုတ်သွားကြပြီ။
ဒီအချက်တွေကိုထောက်ပြီး သုံးသပ်ရမည်ဆိုရင် NUG,PDFတော်လှန်ရေးက ကျဆုံးသွားပြီ အောင်မြင်နိုင်စရာအကြောင်းမရှိတော့ဘူးလို့ သုံးသပ်တင်ပြလိုက်ပါရစေခင်ဗျာ...Crd

Post a Comment

Previous Post Next Post