ဂန့်ဂေါမြို့နယ် ကန်ရဲစခန်းကို မြန်မာ့တပ်မတော် အထူးကွန်မန်ဒိုတပ်ဖွဲ့က အချိန်မီစစ်ကူပေးတိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်ရဲစခန်းအား အကြမ်း ဖက်ပဒက် အင်အား ၃၀၀ ကျော်မှ ၃၁-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များရွပ်ရွပ်ချွံချွံခုခံထားပြီး နေ့လည် ၁၄၃၀ ချိန် မြန်မာ့တပ်မတော် အထူးကွန်မန်ဒိုတပ်ဖွဲ့မှ အချိန်မီရောက်ရှိလာပြီး လေကြောင်းပစ်ကူဖြင့် ထပ်ဆင့်ဝိုင်းပတ်ချေမှုန်းခဲ့ရာ အကြမ်းဖက်ပဒက်များ ညနေ ၃:၃၀ ချိန် ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေးသွားခဲ့။

မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် ၃ ဦးနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရပြီးအကြမ်းဖက် ပဒက်အလောင်း ၂၀ လောင်းကျော်ရရှိထားကာ အသေးစိတ်ထပ်မံလိုက်စစ်ဆင်ချေမှုန်းလျက်ရှိကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ခွေးသစ်နဲ့ အနူကြီးနောက်လိုက်မီဒီယာတွေ ပြောသလို ကန်ရဲစခန်းကျ ရဲအားလုံးသေသည်ဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်ပါကြောင်း

တရားသောစစ်အောင်ရမည်။
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Post a Comment

Previous Post Next Post