​အောက်တန်းအကျဆုံး မြန်မာ့​တော်လှန်​ရေးအမည်ခံ အကြမ်းဖက်များ

✅ပါးစပ် က ဒီမိုကရေစီဆိုပြီး  ဘုရားစာရွတ်သလို ရွတ်နေကြတဲ့သူတွေက  အုပ်ချုပ်ရေးမှူးတွေကို သတ်နေရတာ၊ အပြစ်မဲ့ပြည်သူတွေကို ဒလံဆိုပြီး လမ်းမပေါ် ခေါင်းဖြတ်သတ်နေရတာကိုမှ ငါတို့က တော်လှန်ရေးလုပ်နေတာဆိုပြီး ခေါင်းစဉ်တပ်နေမှတော့ မင်းတို့ပြောပြောနေတဲ့ အကြမ်းဖက် လူသတ်တော်လှန်ရေးကြီးဆိုတာ  ဒီဘဝမပြောနဲ့။ နောင်ဘဝတောင် မအောင်မြင်နိုင်ဘူး။
ဒီကြားထဲ  ထောက်ခံသူတွေဆီက ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သူတောင်းစားလို အလှူခံထားတဲ့ပိုက်ဆံတွေကို မင်းတို့အချင်းချင်း ဘုံးလို့ဘုံး။ ထိုင်းမှာ အရက်သွားဝယ်ရင်း ရဲဖမ်းခံရတဲ့ရည်မွန်က NUG ကာကွယ်ရေးဝန်ကြီးဖြစ်လို့ဖြစ်၊ သောက်ကျင့်မကောင်းလို့ ပါတီကတောင်ထုတ်ပယ်ထားတဲ့ မျိုးရန်နောင်သိမ်းက လူရာဝင်လိုဝင်၊  နစက က ဖမ်းလို့ ထမိန်တထည် နဲ့ ပြေးသွားရတဲ့ လော်ဘီက အမေဒစ်ကားမှာ စူပါမားကတ်တွေဖွင့်လို့ဖွင့်။ ဒေါက်တာမလေး ငြိမ်းတို့လို  အလှူခံပိုက်ဆံတွေကို ရွှေတုံးတွေ ဝယ်စုတဲ့သူကစု။ မာရတ်ကျော်သူတို့လို  သုတ်ကြောင်သမားတွေရှိတဲ့အဖွဲ့အစည်း၊ CDM ညီသုတတို့လို မိန်းမနဲ့ကွာချင်လို့ ဗေဒင်ယတြာလုပ်တဲ့သူတွေရှိတဲ့ အဖွဲ့အစည်းက  တပ်မတော်ကို ဘယ်လိုလုပ် အမြစ်ဖြတ် တိုက်ခိုက်ကြမှာလဲ။

✅ ဒီအရေးအခင်း စကတည်းက ဓမ္မနဲ့ အဓမ္မကြားမှာ  ကြားနေ မရှိဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဘုတ်ပေါ်မှာ ပရိုဖိုင်မချိန်းကြတဲ့သူမှန်သမျှကို ဒလံဆိုပြီး စွပ်စွဲကြ။ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေမှန်သမျှကို  SP လုပ်ခဲ့ကြ။ မိန်းကလေး အချင်းချင်းလည်း HD တွေဖြန့်ကြဆိုပြီး တိုက်တွန်းခဲ့ကြ။ ၅ ထောင်စားဆိုပြီး မျက်နှာပေါ် တက်တူးဝိုင်းထိုးခဲ့ကြ။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို မိန်းမချင်းကိုယ်ချင်းမစားနာပဲ  ရုံးရှေ့မှာ ဘလိန်းခဲ့ကြတာ မင်းတို့ပဲ မဟုတ်ဘူးလား။ တာဝါတိုင်ကို မိုင်းခွဲရင် မီးပြတ်မယ်၊ လဝက ရုံးကို မီးရှို့ရင်  ရွေးကောက်ပွဲ လုပ်လို့ မရနိုင်ဘူး။ အုပ်ချုပ်ရေးမှူးတွေကို သတ်ရင် နစက အုပ်ချုပ်လို့မရတော့ဘူး။ ဆရာမ တွေကို သတ်ရင်၊ ကျောင်းတွေကို ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ရင် ကလေးတွေ ကျောင်းတက်လို့ မရဘူးဆိုတဲ့  ယုတ်မာတဲ့စိတ်နဲ့လုပ်နေသမျှ ကာလပတ်လုံး  အောက်တန်းကျတဲ့ တော်လှန်ရေးကြီးပဲ ဖြစ်နေဦးမှာပဲ။

✅တစ်ခုရှိသေးတယ်။ လူမှာ မျက်နှာကြည့်လိုက်ရုံနဲ့  ဒီလူဟာ လူယုတ်မာ၊ အောက်တန်းကျတဲ့သူဆိုတာ သိနိုင်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ဆိုတာရှိတယ်။ သင်္ကြန်မှာ သူများပျော်ရင် မပျော်နိုင်၊ သူများအောင်မြင်နေရင် မကျေနပ်တဲ့ အငုံစိတ်တွေ ရှိနေသမျှ ကာလပတ်လုံး  မင်းမော်ကွန်းလို လူတောမတိုးတော့တဲ့  မျက်နှာမျိုးနဲ့ ကိုယ်ရောင်ကိုယ်ဝါ ပျက်စီးနေမှာပဲ။ ဗုဒ္ဓဘာသာမှာ အဆုံးအမ တစ်ခုရှိတယ်။ ကံ ကံ၏ အကျိုးပဲ။ ကိုယ်လုပ်သမျှ ကိုယ်ပဲ နောင်တချိန်ပြန်ရိတ်သိမ်းရမှာ။ ရှက်စရာတော့ကောင်းတယ်။ ဒီမိုကရေစီလို အော်ပြီး လက်မရွံ့လူသတ်ခဲ့ကြတဲ့ သူတွေက ခုကြမှ "မင်းတို့က လူစိတ်မရှိဘူး"ဆိုပြီး ခင်မို့မို့အေးလုပ်ကြနေတာကတော့  နည်းနည်း -ာ ဆန်တာပေါ့။


#ဖိုးစီ

Post a Comment

Previous Post Next Post