ခြေရာပျောက် တော်လှန်ရေး


🔶မြန်မာ့အရေးမှာ အကြမ်းဖက် NUG PDF တွေ အာဏာရတာ/မရတာကလည်း အနောက်အုပ်စုအတွက်အရေးမကြီးပါဘူး။ ဘယ်အစိုးရတက်တက် သိပ်ထိထိရောက်ရောက်မကူညီခဲ့တာကြည့်ရင်သိနိုင်တယ်။ NUG PDFတွေကိုရော ထိထိရောက်ရောက်ကူညီနေတာရှိလား။
"ယူကရိန်းကိုကူညီနေတာရဲ့ ၁% လောက်တောင် ကူညီခဲ့လား။" မေးစရာဖြစ်နေတယ်။ ဒါက သူတို့ရည်ရွယ်ချက်ကြောင့်ပါ။
.
🔶သူတို့ရည်ရွယ်ချက်ကရှင်းတယ်။ မြန်မာနိုင်ငံမှာ သူတို့ဖြစ်ချင်တာလုပ်ပေးမယ့် ရုပ်သေးအစိုးရလောက်လည်း မလိုဘူး။ အချင်းချင်းစိတ်ဝမ်းကွဲပြီး မတည်ငြိမ်အောင်တစ်ခုပဲ ဖြစ်စေချင်တာ။ ဒီလိုနဲ့ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို နှောက်ယှက်ချင်တာ။
.
🔶ဒီအတွက်ငွေတွေအများကြီးသုံးစရာမလိုပါဘူး။ မယားငယ်ပေးပေးထားရင်ရပြီ။
.
🔶နောက်တစ်ခုက ငွေကြေးစီးဆင်းတဲ့ လမ်း ကြောင်းတွေကိုကြည့်ကြည့်ပါဦး အကျော်အခွတွေချည်းပဲ။ အလှူငွေပဲဖြစ်ဖြစ်ပြည်ပအထောက်အပံ့တွေပဲဖြစ်ဖြစ် ပေးသလောက်က တကယ့်နေရာတွေကို မရောက်ခဲ့ပါဘူး။
.
🔶မယုံရင် အလှူခံလုပ်ပေးနေတဲ့ သူတွေနဲ့ တောထဲက လူတွေကိုယှဉ်ကြည့်လိုက်ပါ။ ဘာမှ မလုပ်ဘဲ အဲကွန်းခန်းထဲက လိုင်းတက်နေတဲ့သူတွေနဲ့ နေပူထဲဟိုပြေးဒီပြေး ထမင်းဖိုးလေးကျည်ဖိုးလေး တောင်းနေတဲ့သူတွေကိုတော့ မတူဘူးဆိုတာ ဘယ်လောက်ပိန်းတဲ့သူဖြစ်ဖြစ်သိလောက်မှာပါ။
.
🔶လူတစ်ယောက် ကြက်ဥနဲ့ ထမင်း၂ နှပ်လောက်အဖြစ်လေးစားဖို့ တစ်ရက် ၁၀၀၀ နဲ့ တွက်ရင်တောင် ၁ လ ၃၀၀၀၀ အနည်းဆုံးပဲ။ Dragonfly ခဏမေ့ထားပါ။ စစ်ဝတ်နဲ့ သေနတ်ရှိပြီးသားထား ကျည်က တစ်လ အတောင့် ၁၀၀ ပဲ သုံးမယ်ထား တစ်တောင့် ၃၀၀၀ လောက်နဲ့ဆို ၃၀၀၀၀၀ လိုမယ်။ တစ်ယောက်အတွက်အနည်းဆုံး ငွေ ၃၃၀၀၀၀လိုမယ်။ ‌PDF အယောက် ၁၀၀၀ စာဆို တစ်လကို သိန်း ၃၃၀၀ လိုမယ်။
.
🔶မယားငယ်ပေးပေးနေတဲ့ ထောက်ပံ့ကြေး၊ အရနည်းနေတဲ့အပြင် ဖြတ်အဘုန်းပါခံနေရတဲ့ အလှူငွေတွေ၊ ‌လက်နက်ခဲယမ်းကိုဈေးတင်ရောင်းပေးနေတဲ့ အမြတ်ကြီးစားတောတွင်းလက်နက်ကိုင်တွေကြားမှာတော့ ခင်ဗျားတို့တော်လှန်ရေးက ခေါင်းထောင်နိုင်ဖို့ဆိုတာ.......
.
🔶မြေပြင်မှာဘာဖြစ်နေလည်း ပြည်ဖျက် ခေတ်သစ်တို့ BBC တို့မှာ သွားကြည့်ဂျင်းပဲရမယ်။ တော်လှန်ရေးက Facebook ပေါ်မှာ အောင်နေတာကို ယုံနေရင် Facebook ပေါ်သာပြောင်းနေလိုက်။ မြေပြင်မှာ သာယာမနေကြဘူး။ ဆက်လုပ်လည်း ပြည်သူတွေပဲ အတိဒုက္ခရောက်မှာ။ခြိမ်းခြောက်တာတောင် သူတို့နိုင်တဲ့ ပြည်သူတွေပဲ tတ်မယ်ဖြတ်မယ်ဗုံးခွဲမယ်ခြိမ်းခြောက်တာ။ အချို့ဆို ကိုယ်လှူတဲ့ လက်နက်နဲ့ ပြန်အခြိမ်းခြောက်ခံနေရတာ။ ရင်နာစရာ။
.
🔶PDF ဘယ်လောက်​ေtနေလည်း မင်းတို့သိပေမယ့်မပြောဘူးလေ။ အားပေးတဲ့လူတွေ အားမပေးမှာစိုးတယ်။ အလှူငွေမရတော့မှာစိုးတယ်လေ။ ဒီမှာ တစ်ခုတော့ မင်းတို့ သိအောင်ပြောလိုက်မယ်။ အားပေးနေတဲ့ကောင်တွေက မင်းတို့ဆီ လာပေါင်းပြီး ဘယ်တော့မှတော်လှန်ရေးလာမလုပ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့က လူရေလည်ကြတယ် မပိန်းကြဘူး။ ကလပ်တွေ ပါတီတွေ သင်္ကြန်ခရီးစဉ်တွေနဲ့ပျော်ပါးနေကြပြီ။ မအားကြဘူးကွ။ အလှူငွေလား ပေးလည်းအရင်ကလောက်မပေးတော့ဘူး။ ဝင်ငွေမကောင်းဘူး အဆင်မပြေဘူးဘာညာနဲ့ပြီးသွားမှာ။ မယုံရင် မင်းတို့ရဲ့မြို့ပေါ်က ဘော်ဒါတွေဖုန်းဆက်ပြီးအကူအညီ တောင်းကြည့်ပါလား။ ဘာပြောမယ်ထင်လည်း။ အလှူငွေကောက်ပေးတဲ့သူတွေကရော ဘယ်အထိကောက်ပေးမယ်ထင်လည်း။ စစ်တိုက်နေတဲ့‌သူတွေမသေမချင်းကောက်ပေးလိမ့်မယ်။ ‌
"နားလည်မယ် မလည်မယ် ဆိုတာထက်  ပြောသင့်တယ်ထင်လို့သာပြောတာပါ။ မင်းတို့လည်း အခုအခြေအနေထက်တန်ဖိုးရှိရှိ ရှင်သန်နိုင်ကြပါစေကွာ။"
Shwe Teik Soe

Post a Comment

Previous Post Next Post