အမေရိကန်ဒေါ်လာ (၃၈)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ကျူးလွန်သူ (၇၅၁)ဦးကို (၁)လအတွင်း နစက ဖမ်းဆီး


၂ဝ၂၃ ခုနှစ် မတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ဘိန်း၄၅ ကီလို၊ဘိန်းဖြူ ၁၂၁ ကီလို၊ အိုက်စ် ၁၆၆၄ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရပါတယ်။

ထို့ပြင် စိတ်ကြွရူးသွပ်ဆေးပြား (၂ဝ,၄၃၉,၆၅၇) ပြား၊ ဆေးခြောက် ၈၃ ကီလို၊ ဆေးခြောက်အရည် ဝ ဒသမ ၆ လီတာ၊ ဆေးခြောက်မှုန့် ၂ ကီလို၊ ဆေးခြောက်ပင် ၈ ပင်တို့ကိုလည်း မတ်လတစ်လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ပြီး မတ်လတစ်လအတွင်း Happy Water (၈)ကီလိုကျော်၊ အက်တက်စီဆေးပြားများ၊ ဆူဒိုအက်ဖီဒရင်းဆေးပြားများအပါအဝင် အခြားသောမူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ထိုသို့ မတ်လအတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သန်းပေါင်း ၈၁,ဝ၃၇ ဒသမ ၇၇၆ သန်း(အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်) တန်ဖိုးရှိကြောင်း နစက၏ အချက်အလက်များက ဆိုထားပါတယ်။

ထို့ပြင် အထက်ပါမူးယစ်ဆေးဝါးများနှင့်အတူ ဆက်စပ်ကျူးလွန်သူ အမျိုးသား (၆၅၃)၊ အမျိုးသမီး (၉၈)ဦး စုစုပေါင်း (၇၅၁)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post