✳ ကရင်ပြည်နယ်စစ်သတင်း✳

🔹 ကရင်ပြည်နယ်အတွင်း အကြမ်းဖက် ကေတီအယ်လ် အေနယ်ဒါးမြ အဖွဲ့ ကို တပ်မတော်နဲ့ နယ်ခြားစောင့် တပ်
တွေက ဝိုက်ပတ်ပိတ်စို့ပြီး ရင်ဆိုင်ထားခဲ့တာသင်္ကြန် ကာလ အတွင်း တောက်လျှောက်ပါပဲ။

🔹မြဝတီမြို့နယ်အတွင်း ညစဉ်လက်နက်ကြီး အပြန် အလှန်ပစ်ခတ်မှုတွေရှိနေတာပါ။အကြမ်းဖက် နယ်ဒါးမြ အဖွဲ့တွေဟာ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်
အဖွဲ့အစည်းများ ချုပ်ဆိုထားသော စာချုပ်ကို ချိုးဖောက် ပြီး နယ်ခြားစောင့်တပ် အခြေပြုရာ ရွှေကို့ကို ဒေသကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲတွေ အစ ပြု
ခဲ့တာဖြစ်ပါတယ်။

🔹 ဒီလုပ်ရပ်ကို ကရင်လက်နက်ကိုင်အဖွဲ့အစည်း
အားလုံးကbလက်မခံပဲ  ကေအင်ယူ တပ်မဟာ(၇) ကလည်း လက်မခံကြပါဘူး။

🔹 လက်ရှိအချိန်မှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် တွေက အသာစီးရနေပြီး နယ်ဒါးမြရဲ့ ခြင်္သေ့စစ်ကြောင်း ကို ဖွဲ့စည်းပုံပျက်တဲ့ အထိ ချေမှုန်းခဲ့သလို မနေ့က (၁၈-၄-၂၀၂၃)ရက်နေ့မှာ ကျားသစ်နက် ပင်မစခန်းကို သိမ်းပိုက်ချေမှုန်းခဲ့တာဖြစ်ပါတယ်။

🔹 ဒီနေ့မှာတော့ မဲကနယ်ကိုအပြီးရှင်းလင်းပြီးကျောက်ဂူ
နယ်မြေကို ထပ်မံရှင်းလင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

🔹 နယ်ဒါးမြရဲ့ အကြမ်းဖက်အဖွဲ့တွေကို ထိုင်းဘက်ခြမ်း ကလည်း လက်မခံတဲ့ အတွက် သူတို့ဟာ သေမထူး နေမ ထူ'အနေအထားဖြစ် နေတာပါ။

🔹သိမ်းဆည်းရမိလက်နက်ခဲယမ်းများကိုကြည့်ခြင်းအားဖြင့်နယ်ဒါးမြအဖွဲ့ ဖြစ်သော လက်ပြတ်အယ်ဆေးဝါး၊
တာဘော၊စလုံး၊စောဝင်းမြင့်ဖွဲ့တွေ မှာ လက်နက်ခဲ့ယမ်း
နည်းပါးလာတာကတော့သေချာသလောက်ရှိပါတယ်။

🔹တပ်မတော်က လေကြောင်းပစ်ကူနဲ့အမြောက်ပစ်ကူ
များတောက်လျှောက်ပစ်ခတ်ပေးနေပြီး ခြေလျင်တပ်များ
နှင့်နယ်ခြားစောင့်တပ်များကလည်း ဝိုင်းပတ်ပိတ်စို့ထား
တာဖြစ်ပါတယ်။

🔹 ဒီမနက် မနက် (၆)နာရီ မှာတိုက်ပွဲစခဲ့ပြီး မြဝတီ
မြို့နယ်၊ ပုညရှင်ကျောင်းဘက်ကနေ တိုက်ပွဲစတင်ခဲ့
တာလို့ သိရပါတယ်။

🔹အဲ့ဒီကနေ လက်ခတ်တောင် တောင်ခြေ ၊ကျောက်ဂူ  အထိ တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပါတယ်။

🔹နေ့လည် ထမင်းစားချိန် ခဏ နားပြီး တနေကုန်ဖြစ်
နေသောတိုက်ပွဲတွေကြောင့် နှစ်ဖက်အထိအခိုက်ကတော့ ကြိမ်းသေရှိနေမှာပါ။

🔹ဒီတိုက်ပွဲဟာ ကရင်ပြည်နယ်အတွင်း အကြမ်းဖက်
အဖွဲ့တွေရဲ့အဆုံးအဖြတ်တိုက်ပွဲလို့တောင် သုံးသပ်နေကြ
တာဖြစ်ပါတယ်။

🔹 ထိုင်းဘက်ခြမ်းက လက်မခံဘူးဆိုရင်တော့ နယ်ဒါးမြ အကြမ်းဖက်

🔹 အဖွဲ့တွေ လက်နက်ချရင်ချ၊ လက်နက်မချလျှင် ကြိမ်းသေချေမှုန်းခံရဖို့ ရှိနေကြောင်း •••

Credit -စောကြည်ဖြူ

#ကပ္ပတိန်မှိုင်းဝေ
#dgf21news

Post a Comment

Previous Post Next Post