စာတတ်မြှောက်မှုနည်းတဲ့နိုင်ငံက အ.တဲ့တော်လှန်ရေး


ထိုင်းမှာ ဆန္ဒပဲပြပြီး ဘာလို့ CDM မလုပ်ကြတာလဲတဲ့၊
လာမေးကြတယ်၊
ထိုင်းက CDM လုပ်ရအောင် မအဘူး၊
ဆရာဝန်တွေလည်း မအဘူး၊ ဝန်ထမ်းတွေလည်း မအဘူး။

နောက်တခု ထပ်ပြောမယ်၊
ထိုင်းက ဆန္ဒပဲပြတယ်၊ တောမခိုဘူးဗျ၊

သေနတ်ဆိုတာ ထိုင်းမှာပေါခြင်းသောခြင်းပဲ၊
မြန်မာပြည်ကို သွင်းတဲ့သေနတ်တွေက ထိုင်းနှင့် တရုတ်လမ်းကြောင်းနယ်စပ်က အများဆုံးပဲ၊
သေနတ်ကိုင်မယ်ဆို အွန်လိုင်းကနေဝယ်ပြီး Delivery စနစ်နဲ့တောင် ချိတ်ပိတ်ပို့တယ်လို့ ပြီးခဲ့တဲ့အပတ်က သေနတ်ဂိုထောင်ကိုဖမ်းမိတဲ့ ထိုင်းရဲတွေပြောတာကို ဖတ်ရတယ်၊
သေနတ်လည်း အလွယ်ရှိတယ်၊ ဆန္ဒလည်းပြတယ်၊ ဘာလို့ တောမခိုတာလဲ၊
မအကြလို့ပါဗျနော်။

မြန်မာတွေက အခုမှလက်သုံးချောင်းထောင်ကြတာ၊
အဲ့ဒီလက်သုံးချောင်းကို မြန်မာထက် အရင် ထိုင်းတို့ ဟောင်ကောင်တို့က ထောင်ခဲ့ကြတာ၊
လက်ပဲထောင်တာ NO CDM, NO PDF, NO Parallel Governmentပါ၊
CDM မလုပ်၊ PDF မရှိ၊ စင်ပြိုင်အစိုးရ မလုပ်ပါဘူး၊
သူတို့က အခွင့်အရေးတိုင်း ဆန္ဒပြတယ်၊
အဖြူရောင်လမ်းပေါ်ကနေ ရင်ဆိုင်ကြတယ်။

မြန်မာတွေက လက်သုံးချောင်းလည်း အတုခိုးထောင်တယ်၊
ပြီးတော့ ထိုင်းတွေက မြန်မာတွေလို စိတ်ဓာတ်မခိုင်မာလို့ CDM မလုပ်တာ မညီညွတ်တာဆိုပဲ၊
တကယ်တော့ ဉာဏ်နည်းသူက နီးစပ်ရာ သင်ယူကြတာပဲ၊
ကိုယ့်ရှေ့မှာ ဆန္ဒပြပြီးရင် နောက်တဆင့် တောခိုရတယ် သေနတ်ကိုင်ရတယ်ဆိုတဲ့ နီးစပ်ရာကို လိုက်တုကြတာ၊
ခေတ်ကို ဉာဏ်မှီအောင် မကြည့်နိုင်ကြဘူး။

ချုပ်ပြောရရင်
ထိုင်းတွေက မအလို့ CDM မလုပ်တာ၊
သေနတ်အလွယ်ရပါလျက် မအလို့ တောမခိုတာ၊
ခေတ်ကို ဉာဏ်နဲ့မြင်အောင် ကြည့်တတ်တော့ Pros and Cons အကျိုးအပြစ်ကို မြင်တတ် ကြည့်တတ်ကြတယ်၊
မြန်မာလို စိတ်ဓာတ်မခိုင်မာလို့ဆိုပြီး တလွဲဆံပင်ကောင်း မနေကြပါနဲ့၊
တောခိုသူဆိုတာ စာတတ်မြှောက်မှုနှုန်းနည်းတဲ့နိုင်ငံတွေမှာပဲ ရှိပါတယ်၊
နီးစပ်ရာကို အတုယူတတ်တဲ့နိုင်ငံတွေမှာပဲ ရှိပါတယ်။

ခေတ်ကို မြင်အောင် ကြည့်ပြီး နိုင်ငံကို တည်ဆောက်နိုင်ကြပါစေ။
ဟို ထိုင်းပြည်သူတွေက သူတို့ချစ်တဲ့ သက်ဆင်မောင်နှမ ဖြုတ်ချခံရပြီး စစ်တပ်က အာဏာသိမ်းခံရပေမဲ့ ..
..
တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မဖျက်ဆီးဘူး။
..
သူတို့ကို မထောက်ခံလို့ဆိုပြီး နိုင်ငံ့သား.တွေကို မသတ်ဖြတ်ဘူး။
..
အယူဝါဒမတူသူတွေကို ဒလန်စွပ်စွဲပြီး မသတ်ဖြတ်ဘူး။
..
ခြုံပြောရရင် အစိုးရကို မကျေနပ်လို့ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးဘူးလေ

Crd

Post a Comment

Previous Post Next Post