မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆဲခြင်းမှသည် တိုင်းပြည်အမှောင်ထုတွင်းဆီသို့


နဝတ/နယက ဦးသန်းရွှေ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ရရှိရေး ၂၀၃၁ ထိ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။
ထိုအထဲတွင် 3600-6000 MW ထိထွက်ရှိမည့် မြစ်ဆုံစီမံကိန်းကြီးလည်းပါဝင်ခဲ့သည်။
တိုးတက်လာသည့်နှစ်စဉ်လူဦးရေအတိုင်း လျှပ်စစ်မီးကို ပိမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့သည့် စီမံကိန်းကြီး၊လတ်၊ငယ်များစွာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ထုတ်လုပ်မှုထက်သုံးစွဲမှုပိုများသဖြင့် ဓတ်အားမလုံလောက်ခဲ့ပါ။
ထို့ကြောင့် မြစ်ဆုံစီမံကိန်းကြီးကို တရုတ်နိုင်ငံနှငိ့အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုမြစ်ဆုံစီမံကိန်းပြီးစီးသွားပါက မြန်မာနိုင်ငံသည် လျှပ်စစ်မီးလုံလောက်သည့်အပြင် ပြည်ပသို့ပါရောင်းချနိုင်မည်ဖြစ်သည်။
၂၀၀၇ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့သည်။သို့ရာတွင် မြစ်ဆုံစီမံကိန်းပြီးစီးပါက လျှပ်စစ်ဓတ်အားလုံလောက်ကာ တိုင်းပြည်တိုးတက်သွားလျှင် စစ်အစိုးကို ပြည်သူကထောက်ခံသွားမည်ကို ပြည်တွင်းပြည်ပအဖျက်သမားများကအောက်ပါအတိုင်းသွေးထိုးမြှောက်ပေးကြတော့လေသည်-
🙋🏻‍♂️ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေလွှမ်းမှု။
🙋🏻‍♂️သဘာဝဝန်းကျင်ယိုယွင်းမှု။
🙋🏻‍♂️လျှပ်ဓာတ်အား အားလုံးနီတရုတ်သို့ တင်လိမ့်မည်။
စသည့် အကြောင်းပြချက်များဖြင့် လူထုကို လှုံ့ဆော်ဆန္ဒပြစေခဲ့သည်။
၂၀၁၁-၉-၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သက်တမ်း(၂၀၁၁ - ၂၀၁၆) မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားလိုက်သည်။
ထိုစီမံကိန်းရပ်တံ့ပြီးနောက် တရုတ်-မြန်မာနယ်စပ်အခြေစိုက် သကသများဖြစ်သည့် KIA,MNDAA,TNLA,AAစသည့် အဖွဲ့များနှင့်တပ်မတော်အကြားတိုက်ပွဲများပြန်လည်ဖြစ်ပွါးခဲ့ရသည်။
မြန်မာတို့၏ လျှပ်စစ်မီးလုံလောက်စွာ ရရှိမည့်အိမ်မက်ပျက်ခဲ့ရကာ အမှောင်ထုထဲကျရောက်ခဲ့လေသည်။
ဆန့်ကျင်ကန့်ကွက်ခိုင်းသူများ အစိုးရဖြစ်လာသည့်အခါ မြစ်ဆုံပြန်စရန် စကားဦးသန်းခဲ့သော်လည်း ၄င်းတို့သွေးထိုးပေးခဲ့သည့် ပညာမဲ့များက လက်မခံတော့ပါ။
အမှောင်ထုထဲကျရောက်ခဲ့ပါတော့သည်။

Post a Comment

Previous Post Next Post