ထိုးကျွေးခံ ဘဝများ


နယ်ဒါးမြခေါင်းဆောင်တဲ့ KTLA အဖွဲ့ဟာ မြဝတီမြို့ကို ဒုတိယအကြိမ်အကြမ်းဖက်ဖို့ PDF ၇၀၀ လောက်ပါတဲ့ စစ်ကြောင်းကြီး ချီတက်လာခဲ့တယ်။ မြဝတီမြို့ရောက်ခါနီးအချိန်မှာ နယ်ဒါးမြက BGF မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်ကို တိုက်ဆိုပြီး ရုတ်ချည်းအမိန့်ပေးလိုက်လို့ အယ်စေးဝါးနဲ့ PDF တွေ မြို့ကို ရုတ်တရက်ဝင်တိုက်တယ်။
-
ဒီအမိန့်က သူတို့အတွက် ကံဆိုးပြီး ပြန်လမ်းမရှိလမ်းကို ရွေးချယ်လိုက်ခြင်းပဲဖြစ်တယ်ဆိုတာ PDF လေးတွေ လုံးဝမသိသွားရှာဘူး။ KNU တမဟ (၇)ကလည်း အမိန့်ထုတ်ပြီးသား .. သူ့နယ်ထဲမှာ ကျည်တစ်ချက် လုံးဝ(လုံးဝ) မဖောက်ရဘူးဆိုတာကို။ ငြိမ်းချမ်းရေးကိုထိန်းသိမ်းလိုတဲ့ KNU တမဟ(၇)ရယ်၊ KNLA/PC က အဖွဲ့တွေရယ်၊ စီးပွားရေးထိခိုက်သွားတဲ့ BGF ရယ်၊ တပ်မတော်ရယ် .. ၄ ဖွဲ့ပေါင်းပြီး တောနင်းပိတ်ဆို့တော့တာပဲ။
-
ပိတ်ဆို့တာ ၄ ရက်လောက်ကြာလာတော့ KTLA အဖွဲ့တွေ ရိက္ခာနဲ့လက်နက်ခဲယမ်း ပြတ်လပ်လာတယ်။ ရွာတွေကလည်း BGF၊ PC၊ တမဟ(၇) တွေရဲ့ အမာခံရွာတွေဆိုတော့ ပုန်းခိုလို့လည်း မရဖြစ်လာတယ်။ အဲဒီအချိန်မှာတော့ လက်ပြတ်လို ကရင်ဗိုလ်တွေက တောထဲမှာ PDF လေးတွေကို စွန့်ပစ်ထားခဲ့ပြီး တိတ်တိတ်လေး စက်လှေနဲ့ ယိုးဒယားဘက်ကို ထွက်ပြေးကြတယ်။ PDF လေးတွေကတော့ နယ်မြေလည်းစိမ်း၊ ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်ပြီး အဖွဲ့တွေကွဲကာ လက်နက်ချသူက ချ၊ လက်နက်တွေဖွက်ပြီး ထွက်ပြေးသူပြေး ဖြစ်ကုန်ကြတော့တာပါပဲ။ စစ်တပ်နဲ့တွေ့ရင်တော့ အသက်ဘေးလွတ်မြောက်နိုင်ပေမယ့် ကျန်တဲ့အဖွဲ့နဲ့ဆို အသက်ကို အာမခံလို့ မရဘူး။ KTLA နဲ့ပေါင်းတဲ့ ဗိုလ်လက်ကိုင်ရဲ့ ဦးလေး စောအယ်ခူလည်း သူ့ကိုယ်သူအဆုံးစီရင်သွားရတော့တာပါပဲ။
-
PDF ဗမာလူငယ်လေးတွေ သိထားဖို့က ဘယ်ကရင်ဗိုလ်မှ မိဘအရင်းလောက် မကောင်းဘူးဆိုတာပါ၊ သူတို့အကျိုးစီးပွားအတွက်ပဲ ထိုးကျွေးနေကြလို့ ရှေ့က PDF လေးတွေလို အလင်းဝင်လာပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ခံကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမှမဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။
#KT

Post a Comment

Previous Post Next Post