မှန် (၄) မှန် ရှောင်


🔶မိမိကို ကြိုတင်ကြံစည်တိုက်ခိုက်လာမည့်ရန်ကို ကာကွယ်ဖို့ မှန် (၄) မှန်ကို ရှောင်ဖို့လိုပါမယ်။
🔶မှန် (၄) မှန် ဆိုတာ ဘာလည်း
အချိန်မှန် နေရာမှန် လမ်းကြောင်းမှန် နည်းလမ်းမှန်
🔶အချိန်မှန် သွားလာလှုပ်ရှားတာတွေရှောင်ရပါမယ်။ ကိုယ်က အချိန်မှန်မှန် လုပ်နေရင် ရန်သူက ကိုယ် သွားလာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်းပြီး အန္တရာယ်ပြုနိုင်ပါတယ်။
🔶ပုံမှန်သွားလာတတ်တဲ့ နေရာတွေကို ရှောင်ရမှာပါ။ ကိုယ်က နေရာ ၃ -၄ ခုလောက်ကိုပဲ ပုံမှန်သွားလာလေ့ရှိနေရင် ရန်သူက မိမိသွားမည့်အချိန်မသိလျင်တောင် အချိန်ပေးစောင့်နေခြင်းဖြင့် အန္တရာယ်ပြုနိုင်ပါတယ်။ ပုံမှန်သွားလာခြင်းမပြုဘဲ သွားလိုက်မသွားလိုက် ပြောင်းလဲပေးပါ။
🔶နေရာတစ်ခုကိုသွားဖို့ ဒီတစ်လမ်းတည်းနဲ့ ပုံမှန်အသုံးပြု မသွားသင့်ဘဲ အခြားလမ်းများအသုံးပြုသွားလာသင့်ပါတယ်။ ဒါမှသာရန်သူရဲ့ စောင့်ကြိုအန္တရာယ်ပြုတာကို ရှောင်နိုင်မှာဖြစ်ပါတယ်။
🔶ပုံမှန်လုပ်နေတဲ့နည်းလမ်းဟောင်းများကိုသာ အထပ်ထပ်အခါခါအသုံးပြုခြင်းကိုရှောင်ပါ။ ဒါမှသာ ရန်သူက မိမိ သဘောသဘာဝကို မှန်းဆဖို့ ခက်ခဲသွားပါလိမ့်မယ်။
🔶အချုပ်အားဖြင့်ဆိုချင်တာက ရန်သူတွေကို မိမိအကြောင်း တတ်နိုင်သမျှ မသိနိုင်အောင်ကြိုးစားရပါမယ်။ ဖြစ်နိုင်လျင် မိမိအကြောင်းလွဲမှားစွာသိနေအောင်လည်းတတ်နိုင်သမျှ လုပ်ဆောင်ထားရပါမယ်။ မိမိ ကိုယ်စွမ်း ဉာဏ်စွမ်း အားကုန်အသုံးပြုပြီး အန္တရာယ်ကင်း ဘေးရှင်းနိုင်ကြပါစေ။
Shwe Teik Soe

Post a Comment

Previous Post Next Post