ဒေါ်အောင်ဆန်းစုကြည်နှင့်ရှိတ်ဟာစီနာ

ယခုအခါ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး မီလင်းပြီလို့ကြားရပါတယ်။ရှိတ်ဟာစီနာအစိုးရဟာ ရုရှားနှင့်ပူးပေါင်းပြီး နျူကလီယားဓါတ်ပေါင်းဖို တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာထက် လူဦးရေလေးဆလောက်များပြီး စက်ရုံများတာကြောင့် အကြမ်းဖျင်းတွက်ရင်တောင် မြန်မာထက် လျှပ်စစ်အားလေးဆလောက်လိုပါတယ်။

တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာမှာလုပ်မယ့်မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ထောက်ခံသူများက ဝိုင်းကန့်ကွက်ကြလို့ သမ္မတကြီးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့လက်ထက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

တကယ်လို့သာ မြစ်ဆုံကိုဆက်လုပ်ဖြစ်ခဲ့ရင် ၂၀၁၆မှာပြီးစီးပြီး မဂ္ဂါဝပ် ခြောင်ထောင်ထွက်ပါမယ်။မြန်မာက ၁၅ရာခိုင်နှုန်းအခမဲ့ရမှာဖြစ်လို့ မဂ္ဂါဝပ်တစ်ထောင်ခန့်ရပါမယ်။လျှပ်စစ်အခွန်အခ နှစ်စဉ်ဒေါ်လာသန်းတစ်ထောင်‌ရပါမယ်။ဒီငွေတွေနဲ့ သံလွင်မှာရေအားလျှပ်စစ်အကြီးစားတစ်ခု‌လုပ်နိုင်ပါတယ်။နျူကလီယားဓါတ်ပေါင်းဖိုလည်းတည်နိုင်ပါတယ်။မြစ်ဆုံသာလုပ်ဖြစ်ခဲ့ရင် မြန်မာတစ်နိုင်ငံလုံးမီးလင်းနေပါပြီ။မြစ်ဆုံမလုပ်ဖြစ်ခြင်းဟာ အနောက်အုပ်စုတွေရဲ့ပရောဂအများကြီးပါပါတယ်။

ရှိတ်ဟာစီနာဟာ သူ့ဖခင်ကိုသ-တ်ခဲ့တဲ့ ဘင်္ဂလားတပ်မတော်နှင့်ပြေလည်အောင် ပေါင်းပြီး နိုင်ငံကိုတည်ဆောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ဖခင်ကိုသ-တ်ခဲ့တဲ့ အနောက်အုပ်စုနဲ့ပြေလည်အောင်ပေါင်းပြီး နိုင်ငံကိုဖျက်ဆီးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ထောက်ခံသူများအမြင်မှန်ရစေဖို့ တင်ပြလိုက်တာပါ။

ငါးမင်းဆွေ
၂၄-၄-၂၀၂၃

Post a Comment

Previous Post Next Post