ခွန်းတုံ့ပြန်ရန် အစီအစဉ် ရှိ/မရှိ


PDF တွေက ဘုရားကျောင်းကန် ၊စေတီပုထိုးနဲ့ ခရစ်ယာန်ချပ်ကျောင်းတွေထဲမှာနေပြီး
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တယ်။
စစ်ရဲ့ သဘောအရ ကျည်လာရာကို ကျည်ပြန်ပစ်ရတယ်။

အဲ့ဒီလိုပြန်ပစ်တော့ တပ်မတော်ဟာ ဘာသာရေးအဆောက်အဦတွေကို
မီးရှို့ဖျက်ဆီးတယ် ၊ ဘာသာသာသနာကို စော်ကားတယ်ဆိုပြီး
UN အပါအဝင် အနောက်နိုင်ငံတွေက ပစ်တင်ရှုတ်ချကြတယ်။

ဒါပေမ့ယ့်
ဂျေရုစလင်က ဗလီတစ်ခုမှာ ဝတ်ပြုနေတဲ့သူတွေကို
အစ္စရေး ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်တော့
UN အပါအဝင် အနောက်နိုင်ငံတွေက လူ့အခွင့်အရေးအဖွဲ့တွေက
မသိချင်ယောင် ၊မမြင်ချင်ယောင် ဆောင်နေကြတယ်။

အလားတူပဲ
တပ်မတော်က အာဏာထိန်းတော့ ပြည်သူတစ်ချို့က ဆန္ဒပြကြတယ်။
တပ်မတော်က လူစုခွဲဘို့ ပြောတယ်။
မခွဲဘူး။
နစကက ပုဒ်မ ၁၄၄ ထုတ်တယ်။

မရဘူး ။ လမ်းတွေပိတ်တယ်။ ကားတာယာတွေကို မီးရှို့တယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဥပဒေနဲ့အညီ
အဓိကရုဏ်း နှိမ်နင်းရေးနည်းလမ်းတွေနဲ့ လူစုခွဲတယ်။

အဲ့ဒီလို လူစုခွဲတာကို
UN အပါအဝင်အနောက်နိုင်ငံတွေက ဘာပြောသလဲ ဆိုတော့
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို
စစ်ကောင်စီ တပ်တွေက အကြမ်းဖက် နှိမ်နင်းတယ်၊
လူ့အခွင့် အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲပစ်တင်တယ်။

ဒါပေမယ့်
အခု ပြင်သစ်နိုင်ငံမှာ ပင်စင်ဥပဒေကို မကျေနပ်တဲ့ ပြည်သူတွေက
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တယ်။ကားတွေ အဆောက်အအုံတွေကို
မီးရှို့ဖျက်ဆီးတယ် ။
အဲ့ဒီ လူတွေကို ပြင်သစ်ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းတယ်။

အဲ့ဒီလို အကြမ်းဖက်နှိမ်နှင်းတာကို
UN အပါအဝင် အနောက်နိုင်ငံတွေက
ပြင်သစ်အစိုးရဟာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းတာဟာ
လူ့အခွင့်အရေး ချိုးဖောက်တာလို့ တစ်ကြိမ်တစ်ခါမှ မပြောသလို
ပြစ်တင်ရှုတ်ချတာလည်း မပြုလုပ်ခဲ့ဘူး။

ပြောချင်တာက
နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုပါ

ဘာပြောချင်တာလဲ ဆိုတော့

အီရန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေက
သူတို့ နိုင်ငံတွေကို UN အပါအဝင်အနောက်နိုင်ငံတွေက ပစ်တင်ရှုတ်ချတာတွေလုပ်လာရင်
ကြက်ခေါင်းဆိတ် မခံ ကက်ကက်လန်အောင် ခွန်းတုံ့ပြန်ကြတယ်။

ကျွန်တော်တို့နိုင်ငံက တာဝန်ရှိသူတွေကလည်း
အဲ့ဒီလို ခွန်းတုံ့ပြန်ဘို့ အစီအစဉ် ရှိ မရှိ မေးချင်တာပါ။

(ဆီမီးအိမ်)

Post a Comment

Previous Post Next Post