ရွေးကောက်ခံအစိုးရကို စောင့်ဆိုင်းနေမယ့်အစား မြန်မာနိုင်ငံရဲ့လက်ရှိအာဏာရှိသူနဲ့စေ့စပ်ဆွေးနွေးဖို့ အိန္ဒိယအစိုးရကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း တိုက်တွန်း

ရွေးကောက်ခံအစိုးရကို စောင့်ဆိုင်းနေမယ့်အစား မြန်မာနိုင်ငံရဲ့လက်ရှိအာဏာရှိသူနဲ့စေ့စပ်ဆွေးနွေးဖို့ အိန္ဒိယအစိုးရကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း တိုက်တွန်း

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံရဲ့ရွေးကောက်ခံအစိုးရကို စောင့်ဆိုင်းနေမယ့်အစား လက်ရှိအာဏာရထားသူအစိုးရ နဲ့ စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရမှာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး M. M. Naravane က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၎င်းက "မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာ နှောင့်နှေးကောင်း နှောင့်နေးမှုများ ရှိလာနိုင်တဲ့ အတွက် အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရ ထွက်ပေါ်လာမယ့်အချိန်ကို စောင့်နေမယ့်အစား လက်ရှိအာဏာရယူထားသူတွေနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ပြင်ဆင်ရမယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရ တစ်ရပ်ဖြစ်လာချိန်မှာလည်း ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးစီမံကိန်းများကို ထပ်မံဆွေးနွေးလို့်ရတယ်။

အိန္ဒိယအစိုးရဟာ မြန်မာတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးမှုမလုပ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ပြည်သူတွေဟာ တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ် လာစေတယ်" လို့ပြောပါတယ်။

Post a Comment

Previous Post Next Post