ရန်ကုန်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဝန်ခံလိုက်တဲ့ NLD ရဲ့ ကြေညာချက်


၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ချက်ဆိုပြီး NLD က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီ ကြေညာချက်ထဲမှာ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖြိုးဇေယျာသော်ဟာလည်း ကြိုးပေးသတ်ဖြတ်ခြင်း ခံခဲ့ ရတယ်ဆိုပြီး ရေးသားဖော်ပြခဲ့တာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် ဖြိုးဇေယျာသော်ဟာ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ…? ဘာကြောင့် ကြိုးပေးခံခဲ့ရတာလဲ...? ဆိုတာ သိသိချည်းနဲ့ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကြေညာချက်ထုတ်နေတာများလား…?
အကြမ်းဖက်သမား ဖြိုးဇေယျာသော်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ လက်နက်/ ခဲယမ်း/ဖောက်ခွဲရေးပစ္စည်း အမြောက်အမြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်။ ပြီးတော့ အကြမ်းဖက် ခေါင်းဆောင် ဖြိုးဇေယျာသော်ရဲ့ လက်အောက်မှာ အကြမ်းဖက်လှုပ်ရှားမှု လုပ်ဆောင်နေတဲ့ အဖွဲ့ပေါင်း ၂၀ ကျော်ရှိခဲ့ပြီး အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုအပါအဝင် လုပ်ကြံ သတ်ဖြတ်မှုပေါင်း ၂၈ ကြိမ် ကျူးလွန်ခဲ့တယ်။ သူ့ရဲ့ စေခိုင်းမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး၊ အပြစ်မဲ့ပြည်သူ ၁၂ ဦး၊ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရတယ်။ ဒါ့အပြင် အစိုးရအဆောက်အဦတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေ၊ လျှပ်စစ်ရုံး တွေ၊ အများပြည်သူနဲ့ သက်ဆိုင်သောနေရာတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စာသင် ကျောင်းတွေကိုလည်း ဖောက်ခွဲဖျက်ဆီးဖို့ စေခိုင်းခဲ့တယ်။
ဒါ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူး လွန်ခဲ့တဲ့ ဖြိုးဇေယျာသော်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး လုပ်ထုံး လုပ်နည်းဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်ခဲ့တာဖြစ်တယ်။ ပြောရမယ်ဆိုရင် အပြစ်ရှိ လို့သာ သူကျူးလွန်ခဲ့တဲ့အပြစ်အတိုင်း ပေးဆပ်ရခြင်းဖြစ်တယ်။
အဲဒီလို အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုတွေလုပ်ဖို့ကိုလည်း NLD က ပြည်ပြေး အောင်ကြည်ညွန့် တို့က နောက်ကွယ်ကနေ အားပေးကူညီထောက်ပံ့ပေးတာတွေပြုလုပ်ခဲ့တယ်။ ဒါကို NLD အနေနဲ့ အောင်ကြည်ညွန့်တို့ အားပေးကူညီခဲ့တာတွေ၊ ဖြိုးဇေယျာသော် ကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေကို သိသိချည်းနဲ့ ကြေညာချက်ထုတ်နေပြီဆိုတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်ဖောက်ခွဲ မီးရှို့ဖျက်ဆီးမှုတွေမှာ NLD ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဝန်ခံ လိုက်တဲ့သဘောပဲ။
#မင်းဦး

Post a Comment

Previous Post Next Post