ကိုယ်ချင်းစာစိတ်



ကျနော်တို့သင်္ကြန်အတွက်ပျော်ဖို့စီစဉ်နေချိန်မှာ ခင်ဗျားတို့ တာဝန်ကိုယ်စီနဲ့ ကိုယ့်ဒေသ ကိုယ့်မြို့နယ်လုံခြုံရေးတရားဥပဒေစိုးမိုးရေးအတွက် နေ့မအားညမနားနဲ့တာဝန်ထမ်းဆောင်နေကြတယ်။ 

ပြည်သူတွေလွတ်လပ်ပေါ့ပါးစွာနဲ့ အနှောက်အယှက်ကင်းကင်း အသက်အန္တရာယ်ကင်းစွာ ပျော်ရွှင်ကြစေဖို့ ခင်ဗျားတို့ရဲ့မိသားစု ခင်ဗျားတို့ရဲ့ အပျော်တွေကို စွန့်ပြီးတာဝန်ထမ်းဆောင်နေကြတာကို အကြမ်းဖက်အားပေးတွေဆဲဆိုနေကြပေမယ့် ကျနော်နဲ့ ခင်ဗျားတို့ကိုကျနော့လိုပဲအားပေးထောက်ခံတဲ့ သူတွေအနေနဲ့ ကိုယ်ချင်းစာစိတ်အပြည့်အဝနဲ့ကို အားပေးတယ်ဂုဏ်ယူတယ်။

ခင်ဗျားတို့ရင်းနှီးမြှပ်နှံထားတဲ့ မိသားစုဘဝ ပျော်ရွှင်မှုအားလုံးအတွက် ခင်ဗျားတို့ကို ကျနော်နှင့်တကွ အားပေးထောက်ခံသူအပေါင်းက ထာဝရကျေးဇူးတင်စွာနှင့် ဂုဏ်ယူလျက်ပါပဲ။


Post a Comment

Previous Post Next Post