သနားစရာ အသုံးချခံ PDF လေးများ


အခုတလော ကရင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF လေးတွေ အကျအဆုံးများနေတဲ့ သတင်းတွေကို
စိတ်မကောင်းစရာ မြင်တွေ့ကြားသိနေရပါတယ်။ 

PDF တွေကျဆုံးတဲ့ သတင်းတွေကို စကစလော်ဘီ
တယ်လီဂရမ်ချန်နယ်တွေမှာ DB တွေကို မှတ်ပုံတင်တွေနဲ့တကွ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ဒါ့အပြင် PDF တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးသူများပြားသလို ထိုင်းက ဖမ်းဆီးပြီး စကစဘက်ကို ပြန်လည်လွှဲပြောင်းပေးလို့ NUG အဖွဲ့ရဲ့ ကြေကွဲစွာပေါက်ကွဲသံလည်း ကြားနေရပါတယ်။ 

တစ်ဖက်ကလည်း PDF တွေ အလင်းဝင်တဲ့ သတင်း‌တွေ
ထုတ်ပြန်နေသလို မြို့ပြပျောက်ကြား PDF တွေဖမ်းမိတဲ့ သတင်းတွေလည်း ခပ်စိတ်စိတ်ထွက်ပေါ်နေပါတယ်။ 

လက်ရှိအခြေအနေတွေကို မြေပြင်အမှန်အတိုင်း 
သုံးသပ်ကြည့်ရင်တော့ PDF လေးတွေဟာ EAOs နယ်မြေတွေမှာ EAOs အဖွဲ့တွေရဲ့ အနိုင်ကျင့် ဖိနှိပ်မှုခံနေရသလို  NUG အဖွဲ့က တာဝန်ခံ၊ တာဝန်ယူမှုမရှိလို့ ထောက်ပံ့ငွေ၊ လက်နက်၊ ခဲယမ်းများလုံလုံ လောက်လောက်မရရှိတာတော့ အသေအချာဖြစ်ပါတယ်။ 

လွတ်မြောက်နယ်မြေမှာနေတဲ့ NUG ကတာဝန်ရှိသူတွေက F.B ပေါ်ကနေ “ငါတို့နိုင်နေပြီ” ဆိုတဲ့ အသုံးအနှုန်းကနေ 
“ငါတို့နိုင်မှာပါ” ဆိုတဲ့ အသုံးအနှုန်းပြောင်းသွားပြီး PDF လေးတွေကို အသုံးချထိုးကျွေးနေသလို PDF အကြောင်းပြပြီး ရရှိခဲ့တဲ့ အလှူငွေစာရင်းကို မရှင်းပဲ သူတို့ကိုယ်ကျိုးသုံးစွဲမှုများကလည်း ထင်ထင်ရှားရှား ပေါ်နေပြီ ဖြစ်ပါတယ်။ 

ကျဆုံး ထွက်ပြေး၊ အလင်းဝင်၊ ဖမ်းမိ PDF လေးတွေ များပြားလာနေပေမယ့် တောထဲမှာ ကျန်ရှိနေတဲ့ 
PDF လေးတွေဆက်လက်အသုံးချနိုင်ဖို့ ကျည်လွတ်မြေမှာရှိနေတဲ့ NUG အဖွဲ့ကတော့ တော်လှန်ရေးကြီး မပြီးဆုံးသေးကြောင်း Online ပေါ်က အစည်းအဝေးလုပ်ပြီး ကြေညာချက်တွေ ထုတ်နေဆဲဖြစ်ပါတယ်။ 

သနားစရာအသုံးချခံ PDF လေးတွေ အခြေအနေမှန်ကို မြင်တွေ့ကြားသိနိုင်ကြပါစေ။
#NTZH

Post a Comment

Previous Post Next Post